စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့အတွက် လျှောက်ထားနိုင်

စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့အတွက် လျှောက်ထားနိုင်

အခြေခံပညာ ဦးစီးဌာနတွေနဲ့ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန အောက်မှာ ရှိတဲ့ အခြေခံပညာ ကျောင်းတွေမှာ အထက်တန်းပြ၊မူလတန်း ကျောင်းအုပ်တွေ အပါအဝင် အလယ်တန်းပြတွေ လျှောက်ထားခွင့်ရှိတယ်။

ဒါ့အပြင် အထက်တန်းပြ ဒါမှမဟုတ် အလယ်တန်းပြ လစာနှုန်းတူ သင်ကြားရေးနဲ့ သက်ဆိုင်သူတွေ ပညာရေးကောလိပ်တွေမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်သူတွေ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

ပညာရေး ကောလိပ်နည်းပြ၊ အထက်တန်းပြနဲ့ လစာနှုန်းထားတူညီတဲ့ သင်ကြားရေးနဲ့ သက်ဆိုင်တဲ့ ဒု-ဦးစီးမှူးတွေ အပါအဝင် အလယ်တန်းပြ ဒါမှမဟုတ် မူလတန်း ကျောင်းအုပ်တွေနဲ့ လစာနှုန်း ထားတူညီတဲ့ သင်ကြားရေးနဲ့ ဆိုင်တဲ့ ဒုလ/ထကြီးကြပ်ရေးမှူးတွေ၊ PGDMA ဘွဲ့ရရှိပြီးတဲ့ လ/ထ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး တွေအနေနဲ့ လက်ရှိမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး လုပ်သက် ငါးနှစ်ပြည့် သူဖြစ်ဖို့လိုပါတယ်။

READ - အဝေးသင်တက်ခွင့်ရသူတွေ ဇန်နဝါရီလ ၂ ရက်နေ့ ကျောင်းအပ်နှံခွင့်ပြု

ဘွဲ့တစ်ခုခုရရှိပြီး ပညာရေးဘွဲ့ဖြစ်တဲ့ ဘီအီးဒီဘွဲ့ မရရှိသေးသူဖြစ်ရမယ့် အပြင် အခြားသင်တန်း တစ် ခုခုကို တက်ရောက်နေသူ မဖြစ်ဖို့လိုတယ် လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဝင်ခွင့်စာမေးပွဲလျှောက်လွှာ ပုံစံတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးတွေမှာ ရယူနိုင်ပြီး သက် ဆိုင် ရာ ကျောင်းအုပ်ကြီးတွေရဲ့ထောက်ခံချက်နဲ့အတူ မြို့နယ်ပညာရေးမှူး ရုံးတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၂ ရက် နေ့ နောက် ဆုံးထား ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။

ပညာရေးကောလိပ်တွေကနေ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင် ရာ ပညာရေးကောလိပ် ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက်ပါ ရှိရမှာဖြစ်ပြီး ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေး မှူး ရုံးတွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နောက် ဆုံးထား လျှောက်လွှာ တင်သွင်းရမယ်လို့ သိရပါတယ်။

လျှောက်ထားသူရဲ့ မူလဘွဲ့ရဘာသာရပ်ကို သင်ယူလိုတဲ့ အထူးပြုဘာသာရပ် အဖြစ် လျှောက်ထားဖို့ လိုပြီး မူလဘွဲ့ရဘာသာရပ်နဲ့ လျှောက်ထားတဲ့ အထူးပြု ဘာသာရပ် ကိုက်ညီမှု မရှိပါက လျှောက် လွှာကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ရေးသားပါရှိပါတယ်။

စိတ်ပညာ၊ ဒဿနိ က၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာစတဲ့ ဘာသာရပ်တွေနဲ့ ဘွဲ့ရရှိထားတဲ့ သူတွေက အင်္ဂလိပ်စာ၊မြန်မာစာ၊ သင်္ချာဒါမှမဟုတ် ဝိဇ္ဇာ ဘာသာရပ်တစ်ခုခုကို သင်ယူလိုတဲ့ အထူးပြုဘာသာရပ်အဖြစ် လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။

ဝင်ခွင့်စာမေးပွဲမှာ ဘာသာရပ် အလိုက် တက္ကသိုလ် ဝင်တန်း၊သင်ရိုးညွှန်း တမ်းနဲ့သက်ဆိုင်ရာ အထူးပြု ဘာသာရပ်ရဲ့တက္ကသိုလ် ပညာသင်ရိုးညွှန်းတမ်းက ဘွဲ့ ကြို သင်တန်း၊ပထမနှစ်၊ ဒုတိယနှစ် သင်ရိုးအထိ လေ့လာထားဖို့ လိုပါတယ်။

ဘာသာ ရပ်ကျွမ်းကျင်မှုကို သုံးနာရီမေးခွန်းနဲ့ ရေး ဖြေ စာမေးပွဲဖြေဆိုရမှာ ဖြစ်ပြီး ဝင်ခွင့်ရေးဖြေ စာမေးပွဲ ဖြေဆိုတဲ့အခါ မြန်မာစာ ဘာသာရပ်ကလွဲပီး ကျန်တာတွေကို အင်္ဂလိပ်စာနဲ့ ဖြေဆိုရမယ်လို့ သိရပါတယ်။

ဝင်ခွင့်ရေးဖြေ စာမေးပွဲတွေကိုလာမယ့် ၂၀၁၈ ခုနှစ်ဇန်နဝါရီလ ၂၈ ရက်နေ့ ပြုလုပ်မှာဖြစ်ပြီး မြစ်ကြီးနား၊ လွိုင်ကော်၊ မင်းတပ်၊ မကွေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ ဗန်းမော်၊ ဟားခါး၊ မုံရွာ၊ မန္တ လေး၊ လားရှိုး၊ နေပြည်တော် စတဲ့မြို့တွေမှာ စာစစ်ဌာနတွေ ဖွင့်လှစ်စစ်ဆေးမယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Kumudranews

News Read 5401 times