ကျောင်းသား/သူ (၄၀၀) ဦး လက်ခံမည်။
- သိပ္ပံဘာသာရပ်အတွက် (၂၀၀) ဦး လက်ခံမည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘာသာတွဲဖြင့် အောင်မြင်သူများမှ လျှောက်ထားနိုင်သည် -
(က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ
- ၀ိဇ္ဇာ+သိပ္ပံဘာသာရပ်အတွက် (၁၂၅) ဦး လက်ခံမည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများမှ လျှောက်ထားနိုင်သည် -
(က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ
(ခ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သမိုင်း
(ဂ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထ၀ီဝင်
(ဃ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စိတ်ကြိုက်မြန်မာစာ
READ - ပညာရေးဘွဲ့(B.Ed) ၀င်ခွင့်တွေ လျှောက်လို့ရပြီ
- ၀ိဇ္ဇာဘာသာရပ်အတွက် (၇၅) ဦး လက်ခံမည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများမှ လျှောက်ထားနိုင်သည် -
(က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဘောဂဗေဒ
(ခ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ
(ဂ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ
စစ်ကိုင်းပညာရေးကောလိပ်သို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသများမှ ကျောင်းသား/သူများ အားဝင်ခွင့်ပြုမည်။
ဝင်ခွင့်ပြုထားသည့် သတ်မှတ်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှအပ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ၀င်ခွင့်လျှောက်ထားပါက သတ်မှတ်ထားသော လက်ခံသင်ကြားမည့်ဦးရေ၏ (၁၀ %) အထိ လက်ခံမည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ၀င်ခွင့်သတ်မှတ်ချက် အရည်အချင်းများနှင့်ကိုက်ညီပါက တိုင်းဒေသကြီး/ပြည်နယ်ခွဲတမ်းဖြင့် ၀င်ခွင့်ပြုမည်။
လူတွေ့စစ်ဆေးခြင်းခံရမည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။