ကျောင်းခေါ်ကြိမ် မပြည့်သည့် တက္ကသိုလ်ကျောင်းသားများကို ပြန်လည်ကုစားပေးရန် ညွှန်ကြားထားဟုဆို

ကျောင်းခေါ်ကြိမ် မပြည့်သည့် တက္ကသိုလ်ကျောင်းသားများကို ပြန်လည်ကုစားပေးရန် ညွှန်ကြားထားဟုဆို

အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများထဲမှ အားကစားပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်နေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကိစ္စကြောင့် ကျောင်းပျက်ထားသူများ၊ အကြောင်းပြချက်ခိုင်လုံမှု ရှိသူများ၊ ကျောင်းခေါ်ချိန် မပြည့်မီပါက အစားထိုးပြန်လည် တက်ရောက်စေပြီး ကုစားခြင်းများ ဆောင်ရွက်ရန်အတွက် ညွှန်ကြားထားသည်။

READ - Global English Course Basic Level သင်တန်းကို စက်တင်ဘာ ၇ ရက်မှာ လျှောက်ထားနိုင်ပြီ

လက်ရှိတက္ကသိုလ်များတွင် အားကစားပြိုင်ပွဲများ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စများကြောင့် ကျောင်းခေါ်ချိန်မပြည့်မီခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ချိန်များ၊ ပရက်တီကယ်အချိန်များကို ပျက်ကွက်သည့် အကြိမ်အရေအတွက် တိုင်း ပြန်လည် အစားထိုး သင်ကြားပေးနေပြီး လက်ရှိ ညွှန်ကြားချက်အရ မည်ကဲ့သို့ ကျောင်းသားများ အကျုံးဝင်သည်ကို အသေးစိတ် ထည့်သွင်းဖော်ပြသင့်ကြောင်း အဆင့်မြင့်ပညာအသိုင်းအ၀ိုင်းမှ ဆရာ၊ ဆရာမများက ထောက်ပြထားသည်။

ကျောင်းခေါ်ချိန် မပြည့်တဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို ဖြည့်ဆည်း သင်ကြားပေးမယ့်စနစ်ကို အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ဆေးနဲ့ နှီးနွှယ်တက္ကသိုလ်တွေ၊ နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်တွေ၊  ပညာရေးကောလိပ်တွေအပြင် အဝေးသင် တက္ကသိုလ်တွေမှာပါ ကျင့်သုံးမယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2344 times