ရန်ကုန်တက္ကသိုလ်တွင် သိုင်းပြောင်းပြန် သင်တန်းစတင်ဖွင့်လှစ်သင်ကြားပေးမည်

ရန်ကုန်တက္ကသိုလ်တွင် သိုင်းပြောင်းပြန် သင်တန်းစတင်ဖွင့်လှစ်သင်ကြားပေးမည်

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်အသီးသီးလေ့လာသင်ယူနေကြသော ကျောင်းသားကျောင်းသူများအတွက် ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် မြန်မာ့ရိုးရာ အမွေအနှစ်သိုင်း ပညာရပ် များကို လက်ဆင့်ကမ်းထိမ်းသိမ်း၍ ချစ်မြတ်လေးစား တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အသိအမှတ်ပြု နာယကဆရာကြီး ဦးမောင်လေး တည်ထောင်ခဲ့သော ကမ္ဘောဇနန်းတွင်း လိုင်းခူးကာချန့်
သိုင်းပြောင်းပြန် သင်တန်းကို ဆရာကြီး ဦးသိန်းအေးက ဦးစီး ကာ သင်ကြားပေးမည်ဖြစ်ပါတယ်။

သင်ကြားမည့်ဆရာ = ဆရာကြီးဦးသိန်းအေး နှင့် လက်ထောက်ဆရာများ။

စတင်စာရင်းပေးရမည့်ရက် = ၃.၁၂.၂၀၁၈ မှ ၃၁.၁၂.၂၀၁၈ အထိ။

စတင်သင်ကြားမည့်ရက် = ၃.၁.၂၀၁၉ ။

သင်ကြားပေးမည့်ရက် = အပတ်စဉ် ကြာသပတေး ၊ သောကြာ ။

စတင်သင်ကြားချိန် = ညနေ ၄း ၃၀ မှ ညနေ ၅း ၃၀ အထိ။

သင်တန်းကြေး = ပညာဒါန။

ဝတ်စုံကြေး = ၇၀၀၀ ကျပ်တိတိ။

သင်ရိုးစာအုပ် = ၂၀၀၀ ကျပ်တိတိ။

သင်ကြားပေးမည့်ဘာသာရပ် = လက်သိုင်း ၊ ဒုတ်သိုင်း ၊ ဓားသိုင်း ၊ လှံသိုင်း။

*** သင်တန်းချိန်ပြည့်မှီအောင်တက်ရောက်သော ကျောင်းသားကျောင်းသူများ၏ အရည်အချင်းစစ်ဆေးကာ ဆရာကြီးဦးသိန်းအေး မှ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပါမည်။

*** စာရင်းပေးသွင်းရာတွင်

(၁) ပတ်စပို့ဆိုဒ် ဓာတ်ပုံ ၃ ပုံ။

(၂) ယူနီဖောင်းကြေး + သင်ရိုးစာအုပ် + သင်တန်းသားအသိအမှတ်ပြုကဒ်ကြေးစုစုပေါင်း = ၉၅၀၀ ကျပ်တိတိ။

***ဆက်သွယ်စုံစမ်းရန်

ကိုသိုက်ထွန်း အောင် ( DBL) အပတ်စဉ် ၂၀ - ဒုတိယနှစ်ဝက် # ဖုန်း ၀၉၄၃၀၅၄၉၂၂ ။

ကိုကျော်ကျော်ထက် (B.Sc) Geology တတိယနှစ် # ဖုန်း 09795811568

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source; university of ygn

 

News Read 6475 times