သင်ကြားပို့ချမည့် Research Fellow Leading to Ph.D (Microbiology) သင်တန်းသို့ ပညာသင်စေလွှတ်စေရန်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
လိုအပ်သော အရည်အချင်းများအနေဖြင့် လျှောက်ထားသူနှင့် မိဘနှစ်လုံးစလုံးအပြင် ဇနီး/ ခင်ပွန်းသည်လည်း နိုင်ငံသားဖြစ်ကြောင်း (ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားများကိုလည်း လျှောက်ထားခွင့်ပြုသည်)။
လျှောက်ထားသူသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်း ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လျှောက်လွှာပိတ်သည့်နေ့တွင် အနည်းဆုံး အမှန်တကယ် အမှုထမ်း သက် သုံးနှစ် ရှိသူဖြစ်ရမည်။
READ - လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အတွက် လျှောက်လွှာ ခေါ်ယူခြင်း
လျှောက်ထားသူသည် M.B.B.S ဘွဲ့ရပြီး M.Med.Sc (Microbiology) ဘွဲ့ရရှိထားသူ ဖြစ်ရမည် ဖြစ်သည်။
လျှောက်လွှာပိတ်သည့်နေ့တွင် အသက် ၃၅ နှစ်အောက် ရှိသူ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားတွင် ခြောက်လနှင့် အထက်သင်တန်း တက်ရောက်ခဲ့သူဖြစ်ပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ပြီး အနည်းဆုံး သုံးလတာဝန် ထမ်းဆောင်ပြီးသူ ဖြစ်ရမည်။
လျှောက်ထားသူသည် ဆေးသုတေသနဦးစီးဌာနတွင် လက်ရှိတွင် လက်ရှိတာဝန် ထမ်းဆောင် နေသူ သို့မဟုတ် ပညာသင်သွားရောက်ပြီး ပြန်လည်ရောက်ရှိလာပါက ဆေးသု တေသန ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည် ဖြစ်သည်။
သင်တန်းမှ ပြန်လည်ရောက်ရှိပါက Ph.D သင်တန်းအတွက် နိုင်ငံ့ဝန်ထမ်းအဖြစ် ခုနှစ်နှစ် ပြန်လည်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။
အရည်အချင်းများနှင့် ပြည့်စုံသူများသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန နေပြည်တော် ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: daily eleven