ပညာရေးကောလိပ်ကျောင်းသား/သူများ၏ တောင်းဆိုချက်အား ပညာရေးဝန်ကြီးဌာန အနေဖြင့် စီစဉ်ထားရှိခြင်းကိစ္စ

ပညာရေးကောလိပ်ကျောင်းသား/သူများ၏ တောင်းဆိုချက်အား ပညာရေးဝန်ကြီးဌာန အနေဖြင့် စီစဉ်ထားရှိခြင်းကိစ္စ

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၆-၉-၂၀၁၈)ရက်နေ့(၉း၀၀)နာရီတွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ပညာရေးကောလိပ်များနှင့်အစိုးရစက်မှုလက်မှုသိပ္ပံများမှ ဒီပလိုမာ ရရှိပြီးသော ကျောင်းသား၊ကျောင်းသူများ အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းကြပါသည်။

အစည်းအဝေးတွင် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေး တွင် ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များ သည် အခြေခံဆရာ၊ဆရာမများ ပြုစုပျိုးထောင် ရန်ရည်ရွယ်၍ သင်ရိုးပြုစုဆောင်ရွက်ခြင်း၊ အဝေးသင်တက္ကသိုလ်များ သည် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့များ အပ်နှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ရိုးပြုစု ဆောင်ရွက်ခြင်းတို့ကြောင့် ပညာရေးကောလိပ်များမှ D.T.Ed သင်တန်း (၂)နှစ် အောင်မြင်သူများသည် အောက်ဖော်ပြပါ အတိုင်း ဆက်လက် ပညာ သင်ယူခွင့် အခွင့်အလမ်းများ ရှိကြောင်း ဆွေးနွေး အကြံပြုကြပါသည်-

(က) အဝေးသင်တက္ကသိုလ်များမှ ဖွင့်လှစ်သည့် ဝိဇ္ဇာ/သိပ္ပံဘွဲ့အစီအစဉ်များ၏ ဒုတိယနှစ် သင်တန်းများကို ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း

(ခ) ပညာရေးတက္ကသိုလ်များမှ ဖွင့်လှစ်မည့် တတိယနှစ်နှင့်စတုတ္ထနှစ် စာပေးစာယူ သင်တန်းများကို ၂၀၁၉-ခုနှစ် ဒီဇင်ဘာလမှစ၍ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ စတုတ္ထနှစ်အောင်မြင်ပြီးပါက B.A(Education)ဘွဲ့ /B.Sc(Education) ဘွဲ့အပ်နှင်းမည် ဖြစ်ကြောင်း၊

(ဂ) စတုတ္ထနှစ်အောင်မြင်မှုတွင် အရည်အချင်းပြည့်မီပါက B.Ed ပဉ္စမနှစ် ဘွဲ့သင်တန်းကို (၁)နှစ်ဆက်လက်တက်ရောက်နိုင်ကြောင်းနှင့် ကျန်သင်တန်းသူသင်တန်းသား များသည် B.Ed ပဉ္စမနှစ်သင်တန်းသို့တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် နှင့် ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊

၂။ သို့ဖြစ်ပါ၍ ၁၆-၉-၂၀၁၈ အစည်းအဝေးမှ စီစဉ်ထားရှိသည့်အချက်များအား ကျောင်းသား၊ ကျောင်းသူများသိရှိနိုင်စေရန် အကြောင်းကြားပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

ဒေါက်တာသိန်းဝင်း (ညွှန်ကြားရေးမှူးချုပ်)

News Read 2777 times