ဝက်ဘ်ဆိုက်ကနေ တရားဝင် ကြေညာပေးမယ်၊ သိချင်တဲ့သူတွေဝင်ကြည့်လို့ရတယ်၊ တက္ကသိုလ် တွေ အလိုက်လဲ အကြောင်းပြန်ကြားစာတွေပို့ပေးမှာပါလို့ အဆင့်မြင့် ပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ပညာကို ဆက်တိုက် တက်ရောက်သင်ကြားနိုင်ခြင်းမရှိပါက နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်း ပုံမှန်ကျောင်းသားအဖြစ် ဆက်လက်တက်ရောက်နိုင်ဖို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို မဖြစ်မနေတင်သွင်းဖို့ လိုတယ်လို့သိရပါတယ်။
READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်မှု အမှတ်များ
အခု ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကိုလျှောက်ထားခြင်းမရှိတဲ့သူတွေကို နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ်တက္က သိုလ် ဒီဂရီကောလိပ်တွေမှာ တက်ရောက်ခွင့်မပြုဘူးလို့ ကြေညာထားပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရရှိပြီး အဲသည်ဝင်ခွင့်ရတဲ့ နှစ်တွေမှာတက္ကသိုလ်တွေကိုလာရောက် ဆက်သွယ်ခြင်းမပြုတဲ့ ကျောင်းသားကျောင်းသူတွေကိုကိုကပ်လျက် ပညာသင်နှစ်မှာဝင်ခွင့်ရတဲ့ တက္ကသိုလ်တွေကို ဝင်ခွင့် ပြန်လည်လျှောက်ထားပါက မူလဝင်ခွင့်ရအထူးပြုဘာသာရပ်တွေအတိုင်းသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်ခွင့် အကြောင်းပြန်ကြားစာတွေကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြန်ကြားပေးခဲ့ပြီး တက်ရောက်ခွင့်ပြုတဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေကနေ အကြောင်း ပြန်ကြားစာတွေကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews