မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရရှိထားပဲ ရေကြောင်းတက္ကသိုလ်သို့ ပြန်လည်လျှောက်ထားလိုသူများ ဆောင်ရွက်ရန်ကိစ္စများ

မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရရှိထားပဲ ရေကြောင်းတက္ကသိုလ်သို့ ပြန်လည်လျှောက်ထားလိုသူများ ဆောင်ရွက်ရန်ကိစ္စများ

(၁) အဆည (သထုံလမ်း) သို့ သွားပြီး အဆည မှတဆင့် လျှောက်လို့ရသည့် မိမိအမှတ်ဖြင့်လည်း တက်ရောက်နိုင်သော တက္ကသိုလ်တခုကို လျှောက်ပါ။ ဥပမာ - ဒဂုံတက္ကသိုလ် (သင်္ချာ) စသဖြင့် (တက္ကသိုလ် တခုခုသို့ ဝင်ခွင့်ရပြီးသူများ ဤအဆင့်မလိုပါ။)

(၂) ထို့နောက် တပြိုင်နက်ထဲမှာပင် အဆည၌ ရေကြောင်းတက္ကသိုလ်သို့ပြောင်းရွှေ့ခွင့်တင်ခဲ့ရပါမည်။ (အဆညမှ ယခုဆောင်ရွက်ပေးနေပီဟု သိရပါသည်။ ဖြစ်နိုင်လျှင် ဒီကိစ္စ (၂) ခုလုံးကို ယခုအပတ်အတွင်း အမြန်ဆုံး ဆောင်ရွက်ရပါမည်။)

(၃) ထို့နောက် ထိုပြောင်းရွှေ့ခွင့်နှင့်အတူ အမှတ်စာရင်းမူရင်း/မိတ္တူ၊ မိမိနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင် မိတ္တူ တို့ကိုယူဆောင်၍ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားရေးရာဌာနသို့ ဒီဇင်ဘာ ပထမအပတ် အတွင်း အမြန်ဆုံးလျှောက်ထားရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အတွက် အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ

ကျား - ၄၇၅ မှတ်

မ - ၄၇၈ မှတ်

အသေးစိတ်သိရှိမေးမြန်းလိုပါက ကျောင်းသားရေးရာ ဖုန်း - ၀၉ ၄၅၈၁၃၈၀၇၇၊ ၀၉ ၇၉၈၁၈၄၃၃၂ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: myanmar maritime university

News Read 3022 times