ရန်ကုန်တက္ကသိုလ်ပထမဦးစားပေးလျှောက်ထားသူများ လူတွေ့ဖြေဆိုရမည့်ရက်

ရန်ကုန်တက္ကသိုလ်ပထမဦးစားပေးလျှောက်ထားသူများ လူတွေ့ဖြေဆိုရမည့်ရက်

ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တိုက်ရိုက်လျှောက်ထားရသည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရ စာရင်းများကို အဆိုပါတက္ကသိုလ်များတွင် အသီးသီးကြေညာမည်ဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနက အောက်တိုဘာအတွင်း ကြေညာပေးရန်စီစဉ်ခြင်းဖြစ်ပါသည်။


ရန်ကုန်တက္ကသိုလ်မှလွှဲ၍ အခြားတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်ကို ကျောင်းသားက ရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်အရေအတွက်ပြည့်မီသည်အထိ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

 

**ယခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများအတွက် (၂၇--၂၀၁၉) စနေနေနှင့် (၂၈--၂၀၁၉) တနင်္ဂနွေနေ့ နံနက်တွင် (၉း၃၀) နာရီ အချိန်တွင် ရန်ကုန်တက္ကသိုလ်တွင် လူတွေ့ဖြေဆိုရမည်ဖြစ်ပါသည်။**

 

Read More>>>> အင်ဂျင်နီယာအကြောင်းဟောပြောပွဲနှင့် PSB Academy ၏ ပညာရေးဆွေးနွေးပွဲ


ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့်စာရင်းကို သက်ဆိုင်ရာ ကျောင်းများတွင် ကြေညာကာ ကျောင်းသား/သူများကို စာတိုက်မှတစ်ဆင့်ပြန်လည် အကြောင်းကြားပေးမည့်အပြင် ပညာရေးဝန်ကြီးဌာန (www.moe.gov.mm) မှတစ်ဆင့် ချက်ချင်းကြေညာရန်လည်း အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေပါသည်။


တက္ကသိုလ်ဝင်ခွင့်လျှောက်ထားစဉ် ဦးစားပေးတက္ကသိုလ်ဘာသာရပ်များ ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ကျောင်းသား/သူများ၏ ဝင်ခွင့်များကို အချိန်မီ ပြန်လည်လျှောက်ထားရန် အကြောင်းကြားမည်ဖြစ်ပါသည်။

 

Source: University News

 

News Read 901 times