ပြေတီဦး ပညာရေးဖောင်ဒေးရှင်း အောက်တိုဘာလကုန်ထိ နောက်ဆုံးလျှောက်ထားနိုင်

ပြေတီဦး ပညာရေးဖောင်ဒေးရှင်း အောက်တိုဘာလကုန်ထိ နောက်ဆုံးလျှောက်ထားနိုင်

ဇွန်လ () ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ယခုနှစ်တက္ကသိုလ်တန်းဝင်တန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသူများ အတွက် ပြေတီဦးပညာရေး ဖောင်ဒေးရှင်း လျှောက်ထားနိုင်ပြီ ဖြစ်ကာ အောက်တိုဘာလကုန် နောက်ဆုံးထားလျှောက်ထားနိုင်မည် ဖြစ်သည်။

 

ပြေတီဦး ပညာရေးဖောင်ဒေးရှင်း အနေဖြင့် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ ဘာသာရပ်နှင့်ဥပဒေဘာသာရပ် တက်ရောက်လိုသူများထဲမှ ချို့တဲ့သူများအားရွေးချယ်ကာ ပညာသင်စရိတ် ထောက်ပံ့နေခြင်း ဖြစ်ပါသည်။

 

လျှောက်ထားလိုသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရရှိထားသည့် အမှတ်စာရင်း၊ မိမိတို့ တက်ရောက်ရန် စီစဉ်ထားသည့်တက္ကသိုလ်၊ အမှန်တကယ် ချို့တဲ့ကြောင်း မိဘအုပ်ထိန်းသူများ၏ ပြောကြားချက်နှင့် ရပ်ကွက်ထောက်ခံစာ အပါအဝင်လိုအပ်သည်များနှင့်အတူ ပြေတီဦးပညာ ဖောင်ဒေးရှင်းရုံးခန်းသို့ ဆက်သွယ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

 

လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များအား ပြေတီဦးပညာရေး ဖောင်ဒေးရှင်း Facebook တွင် အသေးစိတ်ဖော်ပြထားပါသည်။

 

Read More: မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့် စတင်ခေါ်ယူခြင်း

 

ပြေတီဦးပညာရေးဖောင်ဒေးရှင်း အနေဖြင့် ရွေးချယ်ခံရသည့် ကျောင်းသား/သူများအား ဘွဲ့ရရှိသည်အထိ လစဉ်ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ပါသည်။

 

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းမှ ဆေးတက္ကသိုလ် ကျောင်းသား/သူ () ဦးနှင့်၊ စက်မှုတက္ကသိုလ် ကျောင်းသား/သူ () ဦးနှင့် ဥပဒေဘာသာ ရပ်အတွက် ကျောင်းသား/သူ ()ဦး အားရွေးချယ်မည်ဖြစ်ပါသည်။

 

 

Source: Weekly Eleven

 

 

News Read 2038 times