**သင်တန်းရည်ရွယ်ချက်**
ပညာရေးနှင့်အလုပ်အကိုင်မတူညီသော Policy Maker များနှင့် ပြည်သူ့ရေးရာကိစ္စရပ်များနှင့် အမြတ်မယူသောလုပ်ငန်းများစီမံခန့်ခွဲသူများ၏ ပြည်သူ့ရေးရာစီမံခန့်ခွဲရာတွင် ကောင်းမွန်စွာ တာဝန်ယူဆောင်ရွက်နိုင်ရန်။
**တာဝန်ယူဖွင့်လှစ်သောဌာန**
ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန။
**ပေးအပ်မည့်ဘွဲ့**
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration MPA)
**ဝင်ခွင့်လိုအပ်ချက်**
**EMPA**
- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- အစိုးရဝန်ထမ်းဖြစ်မယ်ဆိုရင် ပြန်တမ်းဝင်အရာရှိလုပ်သက်(၈)နှစ်ရှိရပါမည်
- ကုမ္ပဏီဝန်ထမ်းဖြစ်မယ်ဆိုရင် Executive Level လုပ်သက်(၈)နှစ် ရှိရပါမည်
- သက်ဆိုင်ရာ ပညာသင်နှစ်ရဲ့ စက်တင်ဘာ(၁)ရက်နေ့မှာ အသက် (၃၀)နှစ် ပြည့်ပြီးသူဖြစ်ရပါမယ်
- အသက် ၃၀ ပြည့်ပြီးသူဖြစ်ရမည်။
- တက္ကသိုလ် တစ်ခုခုတွင် အခြားသင်တန်းတစ်ခုတက်ရောက်နေသူမဖြစ်ရ
- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်သူဖြစ်ရမည်။
**MPA**
- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- တက္ကသိုလ် တစ်ခုခုတွင် အခြားသင်တန်းတစ်ခုတက်ရောက်နေသူမဖြစ်ရ
- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်သူဖြစ်ရမည်။
**သင်တန်းဝင်ခွင့်စာမေးပွဲ**
EMPA နှင့် MPA ဝင်ခွင့်စာမေးပွဲကို ရေးဖြေစာမေးပွဲအဖြစ် English, Mathematics and Logic ၃ ဘာသာကို တစ်နာရီဆီ ဖြေဆိုရပါမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို လူတွေ့ နှုတ်ဖြေစာမေးပွဲဖြေဆိုရပါမည်။ နှုတ်ဖြေစာမေးပွဲ အောင်မြင်သူများသာ သင်တန်းတတ်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။
**ပညာသင်ကာလ**
၂ နှစ် ( Semester ၆ ခု၊ ၁ ခု ၃ လ၊ Thesis ၆ လ)
**သင်တန်းအချိန်**
သင်တန်းကို အချိန်ပိုင်းသင်တန်း (Part Time - Evening) EMPA နှင့် အချိန်ပြည့်သင်တန်း MPA ( Full Day) ဆိုပြီး နှစ်မျိုးခွဲခြားဖွင့်လှစ်ထားပါသည်။ EMPA အချိန်ပိုင်းသင်တန်းကို ညနေ (၅) နာရီခွဲမှ (၈) နာရီ ထိ တနင်္လာနေ့မှ သောကြာနေ့၊ စနေနေ့ မနက် (၁၀)နာရီမှ ညနေ (၃) နာရီ နှင့် MPA (Full Day) အချိန်ပြည့်သင်တန်းကို မနက် (၁၀) နာရီမှ နေ့လည် (၃) နာရီထိ တနင်္လာနေ့မှ သောကြာနေ့ထိ တတ်ရောက်ရပါမည်။
**သင်ကြားရမည့်ဘာသာရပ်များ**
**ပထမနှစ်**
Core Modules
- Economics and Public Policy I
- Public Administration in Theory and Practice
- Statistics for Public Administration
- Economics and Public Policy II
- Accounting and Financial Management
- Financial Management
- Research Methods for Public Administration
- Public Sector Economics
- Management Skills for Policy Makers and Human Resources Management
- Public Finance
- International Trade and Regional Integration
- Economic Development
- Financial Institutions and Public Policy
**ဒုတိယနှစ်**
Elective Modules (Any Six)
- International Business Management
- Banking and Financial Institutions
- Service Management
- Managerial Economics
- Organizational Behavior
- Consumers Behavior
- Business Communication
- Business Ethics
- Change Management
- Logistics and Supply Change Management
- Infrastructure and Developmen
- International Finance, Investment and Aid
- Globalization and Development
- Microfinance and Poverty Reduction
- Comparative Economic System and Development Experiences
- General Management
**သင်ကြားမှုပုံစံ**
သင်ကြားမှုပုံစံအားဖြင့် Lecture, Presentation နှင့် Assignment ပုံစံတို့ဖြင့် သင်ကြားပို့ချပေးပါသည်။
Read More>>>> ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် KMD Institute တို့ပူးပေါင်း၍ သင်တန်းဖွင့်လှစ်
**သင်တန်းဖွင့်လှစ်မည်နေရာ**
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကမာရွတ်နယ်မြေ
EMPA သင်တန်းကို နှစ်စဉ် စက်တင်ဘာလတွင် ဖွင့်လှစ်ပြီး ဇူလိုင်လအတွင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာပေးပါသည်။ MPA သင်တန်းကို နှစ်စဉ် ဇွန်လတွင် ဖွင့်လှစ်ပြီး ဧပြီလအတွင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာပေးပါသည်။
Source: Myanmar Educational Information