‘‘အတိုး၊ အပြောင်းတွေက တော့ ကိုင်ရတော့မှာပဲ။ ဒီဇင်ဘာ ကျောင်းဖွင့်ချိန်မီဖို့ အောက်တိုဘာ လကုန်၊ နိုဝင်ဘာလဆန်းလောက် ထွက်ပေးဖို့တော့ မှန်းထားပါ တယ်’’ ဟု ဒေါက်တာအောင် အောင်မင်းက ပြောသည်။
ပညာရေးဝန်ကြီးဌာနအဆင့် မြင့်ပညာဦးစီးဌာနအောက်ရှိဝိဇ္ဇာ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပါမောက္ခရာထူးမှ လက်ထောက် ကထိကရာထူးအ ထိရာထူးတိုး၊ အပြောင်းအရွှေ့ ဆိုင်ရာ မူဝါဒများကို အောက်တို ဘာ ၁ ရက်က ၀န်ကြီးဌာန၀က်ဘ် ဆိုက် (www.moe.gov.mm) က ပထမဆုံး တရားဝင်ကြေညာခဲ့ သည်။
ယင်းကြေညာချက်တွင် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ပါမောက္ခ၊ တွဲ ဖက်ပါမောက္ခများ ပြောင်းရွှေ့ရေး မူ၊ ဩဂုတ် ၃၁ ရက်အထိ ရာထူး အလိုက် လစ်လပ်ဦးရေစာရင်း၊ လုပ်သက်အမှတ်တွက်ချက်ပုံ၊ ပြောင်းရွှေ့ရန် ဆန္ဒပြုထားသော ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ ၏ တန်းစီဇယား၊ ပါမောက္ခနှင့် တွဲ ဖက်ပါမောက္ခရာထူးတိုးမြှင့်ခန့် ထားရေး အမှတ်အနည်းအများ အလိုက် တန်းစီဇယားများကို ဖော် ပြထားသည်။
‘‘အတိုး၊ အပြောင်းကို မကိုင် သေးဘဲ လစ်လပ်စာရင်းတွေ၊ တန်းစီဇယားဆွဲတဲ့မူတွေ၊ တန်းစီ ဇယားအရ ဘယ်သူက ဘယ်နေ ရာမှာ ရှိတယ်ဆိုတာတွေကို ၀က်ဘ်ဆိုက်ကနေ အရင်ပြထား တာပေါ့။ ရာထူးတိုးထဲပါမလား၊ အပြောင်းအရွှေ့ထဲပါမလား ဆ ရာ၊ ဆရာမတွေလည်း မှန်းလို့ရ တာပေါ့’’ ဟု ဒေါက်တာအောင် အောင်မင်းက ပြောသည်။
အဆင့်မြင့်ပညာဦးစီးဌာန အနေဖြင့် တက္ကသိုလ်ဆရာ၊ ဆ ရာမ ရာထူးတိုး၊ အပြောင်းအရွှေ့ များကို တစ်နှစ်တစ်ကြိမ် ဆောင် ရွက်လေ့ရှိသော်လည်း ယခင်နှစ် များက ရာထူးတိုး၊ အပြောင်းအ ရွှေ့ဆောင်ရွက်သည့် အချိန်ကာ လနောက်ကျခြင်းကြောင့် တက္က သိုလ်ဆရာ၊ ဆရာမအသိုင်းအ၀ိုင်း အကြား ဝေဖန်မှုများပေါ်ပေါက်ခဲ့ သည်။
‘‘အရေးကြီးတာက အတိုး၊ အပြောင်းအမိန့်စာတွေကို ဒီဇင် ဘာ ကျောင်းမဖွင့်ခင် ကျောင်း ပိတ်ထားတဲ့အချိန်၊ နိုဝင်ဘာထဲ မှာ အမီထုတ်ပေးဖို့လိုပါတယ်။ ဒါ မှသာ ဒီဇင်ဘာကျောင်းဖွင့်ချိန်မှာ သက်ဆိုင်ရာကျောင်းတွေမှာ ရာ ထူးတိုးပြီးသား ဆရာတွေ၊ အ ပြောင်းအရွှေ့ဆောင်ရွက်ပြီးသား ဆရာတွေနဲ့ ပြည့်စုံပြီးသင်ကြား ရေးမနှောင့်နှေးမှာ’’ ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် အတွင်းရေးမှူး ကျောက်ဆည်တက္ကသိုလ်ကထိက ဒေါက်တာဇော်မျိုးလှိုင်က ပြော သည်။
အဆင့်မြင့်ပညာဦးစီးဌာန၏ ဩဂုတ် ၃၁ ရက်အထိ စာရင်းများ အရ တစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခုတွင် ပါမောက္ခ ၁၄၉ ဦး၊ တွဲဖက်ပါမောက္ခ ၉၈၂ ဦး၊ ကထိက ၁,၇၉၂ ဦး၊ လက် ထောက်ကထိက ၈,၇၁၉ ဦးလစ် လပ်နေသည်။
အဆင့်မြင့်ပညာဦးစီးဌာန အောက်၌ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခု၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ် ၆၀၊ ပညာရေး ကောလိပ် ၂၅ ခုရှိနေသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily