လူငယ်များအတွက် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်မည်

လူငယ်များအတွက် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်မည်

ထိုသင်တန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စုပေါင်းလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) နှင့် တယ်လီနော မြန်မာတို့၏ ပူးပေါင်းမည် ဖြစ်သည်။

တစ်လကြာ သင်တန်း အပတ်စဉ် သစ်များကို ၂၀၁၈ ခုနှစ်အတွင်း ငါးခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေ ၇ ရက်တွင် စတင်မည့် လျှောက်လွှာများကို NAG ရုံးတွင် စတင်လက်ခံလျက်ရှိသည်။

တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတစ်ခုတာဝန်ခံ ဦးမင်းသူက “ဒီသင်တန်းရဲ့ အဓိက ဦးတည်ချက်ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးဖို့နဲ့ ဒေသခံ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပွင့်လန်းလာဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ့် ကျွမ်းကျင်မှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဒီသင်တန်းကနေ မွေးထုတ်ပေးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းရဲ့ ဘ၀တွေတိုးတက်ကောင်းမွန်လာဖို့အတွက် စွမ်းရည်မြှင့်တင်ပေးရမှာ ပံ့ပိုးကူညီနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ် ” ဟု ပြောသည်။

READ - UMFCCI Training Institute မှ ၁၉.၀၅.၂၀၁၈ တွင် စတင်ဖွင့်လှစ်မည့် သင်တန်းများအတွက် လျှောက်လွှာများခေါ်ယူနေပါပြီ

သင်တန်းကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေး သဘောတရားနှင့် အယူအဆများ၊ စီမံကိန်းစီမံခန့်ခွဲမှု ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုဘာသာရပ်၊ နိုင်ငံရေး ဘောဂဗေးဘာသာရပ်၊ ကျေးလက်အခြေခံ အဆောက်အအုံ ဆိုင်ရာ ဘာသာရပ် ဆိုင်ရာ ဘာသာရပ်၊ သဘာဝဘေးဒဏ်လျော့ပါးရေးဆိုင်ရာ ဘာသာရပ်၊ ဒေသခံများကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်သော နည်းလမ်းများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဘာသာရပ်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ (ကျား/မ ပူးပေါင်းပါဝင်မှု၊ မခွဲခြားရေး) စသည့် ကဏ္ဍများကို လေ့လာသင်ယူခွင့်ရရှိမည်ဖြစ်သည်။

အချိန်ပြည့် သင်တန်းကို တက်ရောက်ရန်အတွက် အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်းရှိ ဘွဲ့ရလူငယ် မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ ငွေကျပ် တစ်သိန်းကျသင့်မည် ဖြစ်သော်လည်း အရည်အချင်းပြည့်မီသော သင်တန်းသားအားလုံးအတွက် ပညာတော်သင်ဆု ငွေကျပ်ငါးသောင်းနှင့် နေထိုင်စားစရိတ်ကို ပေးအပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 1757 times