တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခများ ပထမနှစ်သင်တန်းကို လုံးဝသင်ကြာခြင်း မပြုရန် ၀န်ကြီးဌာနညွှန်ကြား

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခများ ပထမနှစ်သင်တန်းကို လုံးဝသင်ကြာခြင်း မပြုရန် ၀န်ကြီးဌာနညွှန်ကြား

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ရန် အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များက လိုက်နာဆောင်ရွက်ရမည့် ကိစ္စများကို ညွှန်ကြားခဲ့ရာ ညွှန်ကြားချက်ထဲတွင် သင်ကြားရေးခွဲဝေရာ၌ ဘက်မလိုက်ဘဲ ပွင့်လင်း မြင်သာစွာဖြင့် အထူးပြု ဘာသာရပ်နယ်ပယ်နှင့် အနီးစပ်ဆုံး ဆောင်ရွက်ရန်၊ ပါမောက္ခရာထူး တာဝန် ထမ်းဆောင်နေသူများသည် ပထမနှစ်သင်တန်းကို လုံးဝသင်ကြားရန်၊ ဂုဏ်ထူးတန်း၊ မဟာတန်းများကိုပါ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ၀ါရင့် ကထိကများသာ သင်ကြားသင်ယူရန် နှင့် ကျမ်းကြီးကြပ်ခြင်းများကို ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ ယခုလအတွင်းက ညွှန်ကြားထားကြောင်း သိရသည်။

READ - ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ နိုင်ငံရေးဒီပလိုမာသင်တန်း ဒီဇင်ဘာလ လယ်တွင် ဖွင့်မည်

“ပါမောက္ခဆိုတာက သင်ကြားရေးမှာ အမြင့်ဆုံးလူတွေ၊ သူတို့က မဟာတန်းတို့၊ Ph.D တန်းတို့မှာပဲ သင်သင့်တယ်လို့ ထင်ပါတယ်။ တစ်ချို့ကျောင်းတွေမှာ ပထမနှစ်ကို သင်နေတာကတော့ ရှိတယ်။ သူတို့က စစ၀င်လာတဲ့ကျောင်းသားအသစ်တွေထက် level မြင့်တဲ့ အတန်းတွေကို သင်သင့်တယ်။ စစ၀င်လာတဲ့ ကလေးများကို နည်းပြ၊ သရုပ်ပြလို ဆရာတွေကပဲ သင်သင့်တယ်။ ပါမောက္ခကတော့ ကျောင်းသားများနဲ့ တွေ့တော့တွေ့ရမှာပေါ့။ ကျောင်းသားသစ်ကြိုဆိုပွဲတွေမှာ တွေ့ရင်လည်းရတယ်။ အဲဒီအတန်းကို သင်ရင် တခြားတာဝန်တွေလည်း လစ်ဟင်းမှုရှိလာမှာ စိုးတဲ့အတွက်ပေါ့” ဟု ပြောသည်။

ထိုညွှန်ကြားချက်ထဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး မြင့်မားစေရန် သင်ရိုးညွှန်တမ်းမြှင့်တင်ဆောင်ရွက်ရန်၊ ဒေသလုပ်သား ဈေးကွက်ကို ဖြည့်ဆည်းနိုင်မည့် ဘွဲ့၊ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရန်၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စာတမ်းဖတ်ပွဲများ၊ ပြည်တွင်းပြည်ပသုတေသနာဂျာနယ်များတွင် သုတေသန စာတမ်းများ ကိုယ်တိုင် ပြုစုရေးသားခြင်းကို ဆောင်ရွက်ရန်၊ သုတေသန လုပ်ငန်းများကို ငွေကြေးထောက်ပံ့ရန်တို့ကိုလည်း ထည့်သွင်း ညွှန်ကြားထားကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၈ ကျောင်းရှိပြီး ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ၂၀၀၀ နီးပါး ရှိနေကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 9452 times