တည်ထောင်ဖွင့်လှစ်ခွင့် လျှောက်ထားသူများအား ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေများအရ ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပြီး ထောက်ခံ (သို့မဟုတ်) မထောက်ခံကို မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့် ဖော်ပြသွားရမည် ဖြစ်သည်။
တည်ထောင်ဖွင့်လှစ်ခွင့် တောင်းခံနေသူများအနေဖြင့် လျှောက်လွှာနှင့်အတူ သင်တန်းဖွင့်လှစ်မည့် နေရာရှိ ဘေးပတ်ဝန်းကျင် အိမ်များက ကန့်ကွက်ရန် မရှိကြောင်း အိမ်ရှင်များကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည်များနှင့် ပူးတွဲ လျှောက်ထားရမည် ဖြစ်သည်။
READ - ပြင်သစ် ကလေးများ အသက် သုံးနှစ်မှစ၍ ကျောင်းစတက်ရတော့မည်
ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းလျှောက်ထားလိုသူများသည် ပညာအရည်အချင်းထောက်ခံစာ၊ အစိုးရ ၀န်ထမ်းမဟုတ်ကြောင်း ထောက်ခံစာ၊ သင်တန်းဖွင့်လှစ်မည့် အဆောက်အအုံအား ပိုင်ဆိုင်ခြင်း ရှိ၊ မရှိ ဘော်ဒါဖွင့်လှစ်သင်ကြားခြင်းမရှိသည့် ထောက်ခံစာတို့ကိုပါ ပူးတွဲတင်ပြရမည်။
တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသူများအနေဖြင့် ဖွင့်လှစ်ခွင့်ပြုပြီးပါက အခြေခံပညာတွင် သတ်မှတ်ထားသော ဘာသာရပ်များကိုသာ သင်ကြားခွင့်ရှိမည်ဖြစ်သည်။
အခြေခံပညာနှင့် သက်ဆိုင်ခြင်းမရှိသော အခြားသင်တန်းလျှောက်ထားမှုများကို တားမြစ်ထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy today