ပညာရေးဝန်ကြီးဌာနမှ ကျောင်းအုပ်၊ ဆရာ/ဆရာမများအားလုံး သိရှိလိုက်နာရမည့် အချက်(၁၈)ချက်ထုတ်ပြန်

ပညာရေးဝန်ကြီးဌာနမှ ကျောင်းအုပ်၊ ဆရာ/ဆရာမများအားလုံး သိရှိလိုက်နာရမည့် အချက်(၁၈)ချက်ထုတ်ပြန်

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊အမှုထမ်း များအားလုံး သိရှိလိုက်နာရမည့်အချက် (၁၈) ချက်ထုတ်ပြန်များဖြစ်ပါတယ်။

သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံး စစ်ဆေးခြင်းများကို စုစုပေါင်း ()ကြိမ်သာ ဆောင်ရွက်ရန်(Remedial Education)ကို ဇူလိုင်လမှစတင်၍ နှစ်ဆုံးစစ်ဆေးခြင်းမတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရန်တို့ပါဝင်ပါတယ်။

 

၁။ မည်သည့်အခ ကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရ။

 

၂။ ငွေကြေး၊ လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။

 

၃။ ကျောင်းဝတ်စုံ အတွက်အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း မပြုရ။

 

၎။ အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

 

၅။ အသက် () နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊

International Universities & Colleges (69)နိုင်ငံတကာတက္ကသိုလ်နှင့် ကောလိပ်များ နှင့်ပတ်သက်ပြီး (69)ခု ရှာရန်နှိပ်ပါ။

၆။ အသက် () နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်ရန်။

Kindergarten (89)သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး (89)ခု ရှာရန်နှိပ်ပါ။

၇။ ဇွန်လမှ မတ်လအထိ ကျောင်းတက်မှန်၍ စာသင်ချိန်ဇယားအတိုင်းပုံမှန်အတန်းဝင် သင်ကြားသင်ယူပေးရန်၊ ရုံးတက်မှန်ရန်။

 

၈။ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။

 

၉။ သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံး စစ်ဆေးခြင်းများကို ၂၀၁၉-ခုနှစ်ဇူလိုင်လ၊ ဩဂုတ်လတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလတွင် တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၂ဝခုနှစ် မတ်လတွင်တစ်ကြိမ် စုစုပေါင်း ()ကြိမ်သာ ဆောင်ရွက်ရန်။

 

၁၀။ ကျောင်းခေါ်ချိန် မပြည့်သူများ၊ သင်ယူတတ်မြောက်မှုအားနည်းသောကျောင်းသား ကျောင်းသူများအတွက် ဖြည့်ဆည်းသင်ကြားပေးခြင်း(Remedial Education)ကို ဇူလိုင်လမှစတင်၍ နှစ်ဆုံးစစ်ဆေးခြင်းမတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရန်။

 

၁၁။ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရေး ကျောင်းသား ကျောင်းသူများကို တိုက်တွန်းအားပေးပါရန်။

 

၁၂။ မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား၊ကျောင်းသူများအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်ပြီး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်။

 

၁၃။ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

၁၄။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

၁၅။ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေးမိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

Read More:>>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

၁၆။ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးကို မိဘပြည်သူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်။ ၁၇။ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

၁၈။ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အကြံပြုလို၊ တိုင်ကြားလိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)၊ နေပြည်တော် (သို့မဟုတ်) dpsoffice @ moe. edu. mm သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။

 

(Ministry of Education)

 

(www.edge.com.mm)

 

News Read 4746 times