မူကြိုဆရာမဖြစ် အကြိုအလုပ်ခွင်သင်တန်း အခမဲ့တက်ရောက်ပြီး အလုပ်ပါတန်းရမယ့် အခွင့်အရေး

 

သင်က ကလေးချစ်တတ်ပြီး စာသင်ရတာ ဝါသနာပါသူဆိုရင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Nurture International Preschool ကျောင်းခွဲများ၌ မူကြိုဆရာမအဖြစ် တာဝန်ထမ်းဆောင်ရန် အကြိုအလုပ်ခွင်သင်တန်းကို မေလကုန်အထိ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ လျှောက်ထားသူများသည် အဆိုပါ သင်တန်းကိုအခမဲ့ တက်ရောက်နိုင်မည့်အပြင် လက်တွေ့အလုပ်ဆင်းခြင်းဖြင့် တကယ့်လုပ်ငန်းခွင်အတွေ့အကြုံကိုလည်း ရရှိနိုင်မည်ဖြစ်သည်။    

 

မူကြိုဆရာမဖြစ် အကြိုအလုပ်ခွင်သင်တန်းကို (၁၈.၆.၂၀၂၄ မှ ၁၈.၇.၂၀၂၄) ရက်အထိ (၁) လတက်ရောက်ရပါမည်။ သင်တန်းတက်ရောက်ရမည့်ရက်များမှာ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေဖြစ်ပြီး ကလေးများကို လက်တွေ့စာသင်ရမည့်ရက်များမှာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး ဖြစ်ပါသည်။ အလုပ်ချိန်မှာ မနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖြစ်ပြီး တစ်ပတ်မှာ တနင်္ဂနွေတစ်ရက် ပိတ်ပေးပါသည်။ 

 

သင်တန်းပြီးဆုံးပါက အရည်အချင်းကိုက်ညီသူများသည် ကျောင်းတွင် မူကြိုဆရာမအဖြစ် ဆက်လက်အလုပ်ဝင်နိုင်ပြီး အခြေခံလစာ -

  • ပထမ - ၄လ   (၂၀၀,၀၀၀-  ၂၅၀,၀၀၀) ကျပ်
  • ဒုတိယ - ၄လ   (၂၅၀,၀၀၀-  ၃၀၀,၀၀၀) ကျပ်
  • တတိယ - ၄လ  (၃၀၀,၀၀၀-  ၄၀၀,၀၀၀) ကျပ်နှင့် 
  • (၁) နှစ်ပြည့်ပြီးသူများကို တိုးတက်မှုနှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ ကျပ် (၅) သိန်းအထိ လစာပေးအပ်မည်ဖြစ်ကြောင်း သိရပါသည်။ 

 

တခြားခံစားခွင့်အနေဖြင့် အခြေခံလစာအပြင် ကျောင်းပိတ်ရက်ရှည် လစာခံစားခွင့်၊ မိမိမွေးနေ့တွင် ပိတ်ရက်နှင့် လစာပြည့်ခံစားခွင့်၊ အင်္ဂလိပ်ဘာသာစကားသင်တန်း တက်ရောက်ခွင့်တို့ကိုလည်း ရရှိဦးမည်ဖြစ်ပါသည်။ 

 

စိတ်ဝင်စားပါက လျှောက်ထားလိုသူများသည် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရပါမည်။

  • တိုးတက်လိုစိတ်၊ သင်ယူလိုစိတ် ပြင်းထန်ရမည်။
  • ဘွဲ့တစ်ခုခုရရှိထားသောသူ ဖြစ်ရမည်။ (ကျောင်းမပြီးသေးလည်း လျှောက်ထားနိုင်ပါသည်။) 
  • အသက် (၂၀-၃၀)ကြား ဖြစ်ရမည်။
  • အင်္ဂလိပ် စကားပြော Intermediate Level အနိမ့်ဆုံးရှိသူ ဖြစ်ရမည်။ 
  • လုပ်သက်အတွေ့အကြုံ (၁)  နှစ်ရှိသူ ဦးစားပေးမည်။ 
  • အဖွဲ့စည်း၊ အသင်းအဖွဲ့ စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။ 
  • စာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်။ 

 

ကျောင်းတွင် အဓိက လုပ်ဆောင်ရမည့်တာဝန်မှာ ကလေးငယ်များကို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝပေးပြီး၊ ကျောင်းမှ ချမှတ်ထားသည့် Guideline အတိုင်း ကလေးငယ်တစ်ဦးချင်းစီကို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရန် မေတ္တာ၊ စေတနာ၊ ဉာဏ်ပညာ၊ တီထွင်ဖန်တီးမှုများဖြင့် စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးနိုင်ရပါမည်။ ထို့အပြင် ကလေးငယ်များ၏ တိုးတက်မှုများကို နေ့စဉ်လေ့လာသုံးသပ် မှတ်တမ်းတင်နိုင်ရပါမည်။ 

 

သင်တန်းတက်ရောက်လိုသူများသည် CV Form နှင့် Certificate များကို Email:  [email protected] (သို့) Viber: (09-408833300/ 09425877705) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ သင်တန်းနှင့် လုပ်ငန်းခွင်ဝင်သည့်အခါ အောက်တွင်ဖော်ပြထားသည့် မိမိနှင့်နီးစပ်ရာမြို့နယ်တို့ရှိ Nature ကျောင်းခွဲများသို့ ရွေးချယ်သွားရောက်နိုင်မည်ဖြစ်ပါသည်။ 

 

Pho Sein Branch ( Tarmwe Branch )

No.12, Pho Sein Rd, Tarmwe Tsp. 

Phone – 09 442 631 542

 

Hlaing Branch 

No. 272, Aye Yeik Mon (5) Street, (5) Ward, Mya Kan Thar Housing, Hlaing Tsp.

Phone – 09 442 631 541

 

Insein Branch 

No. (47), Lanthit Road, Nant Thar Kone ward, Insein Township, Yangon. 

Phone – 09 442 631 546

 

North Dagon (U Wizara Branch) 

No (80), 41 Ward, Yuzana Street, North Dagon Tsp. 

Phone– 09 442 631 544           

 

Mandalay Branch

68st Between (Manawhari St & Khaing Shwe War St), Chanmyatarsi Township ,MDY

Phone-09442631547

 

ရုံးချုပ်လိပ်စာ - Room 204/ 3rd Floor/ Grand Myay Nu Condo/ Myay Nu street/ Myaynigone/ Mahamyaing Bustop

ဖုန်း - 09-408833300, 09425877705

အီးမေးလ် - [email protected]

Facebook - https://www.facebook.com/springofsuccess

 

Latest Post Vocational Read 798 times