PPTT သင်တန်းသားခေါ်ယူရာတွင် လုံလောက်မှုမရှိပါက အခြားနေရာများမှ ခေါ်ယူမည်

PPTT သင်တန်းသားခေါ်ယူရာတွင် လုံလောက်မှုမရှိပါက အခြားနေရာများမှ ခေါ်ယူမည်

**Unicode**

PPTT သင်တန်းသားခေါ်ယူရာတွင် လုံလောက်မှုမရှိပါက အခြားနေရာများမှ ခေါ်ယူမည့်စနစ်ကို လာမည့်နှစ်များတွင် ကျင့်သုံးမည် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT ကို မြို့နယ်အလိုက်ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး လုံလောက်မှုမရှိပါက အခြားနေရာများမှခေါ်ယူမည့်စနစ်ကို လာမည့်နှစ်များတွင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းကို နှစ်စဉ်ခေါ်ယူလေ့ရှိရာ (၂၀၁၈) ခုနှစ်မှစတင်ပြီး မြို့နယ်အလိုက် ကျောင်းသားဦးရေအပေါ်မူတည်ပြီး ရွေးချယ်သည့်စနစ်ကို စတင်ကျင့်သုံးခဲ့ပြီး လိုအပ်ချက်ပြည့်မှီမှု မရှိမှသာ အခြားနေရာများမှခေါ်ယူခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့စနစ်ကို လာမည့်နှစ်များတွင်လည်း ယင်းစနစ်အတိုင်း ကျင့်သုံးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရပါတယ်။


“ဝင်ခွင့်ဖြေတဲ့သူတွေက တိုင်းဒေသကြီးပြည်နယ်အလိုက် မြို့နယ်တစ်ခုကိုရွေးချယ်ပြီး ဖြေဆိုနိုင်တယ်။

ရွေးတာကိုတော့ ဒေသခံထဲက ဦးစားပေးရွေးချယ်တာကို အရင်ဆောင်ရွက်ပါတယ်။

ဒေသခံထဲမှလုံလောက်မှုမရှိမှ အခြားတိုင်းဒေသကြီး ပြည်နယ်များတွေက လျှောက်ထားတဲ့သူတွေကိုရွေးတယ်။ နောင်နှစ်တွေလည်းဒီအတိုင်းရွေးသွားမယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးကပြောကြားပါတယ်။

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းသည် နှစ်စဉ်ဇန်နဝါရီလခန့်တွင် လျှောက်လွှာခေါ်ယူလေ့ရှိပြီး လာမည့် (၂၀၂၀) ပြည့်နှစ်တွင် ခေါ်ယူမည့်အပတ်စဉ်အတွက်လည်း ဇန်နဝါရီလထဲတွင်ခေါ်ယူနိုင်ရန် ရည်မှန်းထားကြောင်း၊ သင်တန်းဝင်ခွင့်လျှောက်ထားသူများကို အင်္ဂလိပ်စာဘာသာရပ်နှင့် ပညာရေးဆိုင်ရာအထွေထွေ ဗဟုသုတမေးခွန်းများ ဖြေဆိုစေပြီး ရေးဖြေအောင်မြင်သူများကို သင်တန်းဝင်ခွင့်ပေးလေ့ရှိကြောင်း သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် စာတွေ့ (၄) လနှင့် လက်တွေ့တန်းပြ (၂) လ စုစုပေါင်း (၆) လတာ သင်တန်းတက်ရောက်ရကြောင်းသိရပါတယ်။

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းသည် တစ်နှစ်လျှင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၅) သောင်းကျော်ခန့်လျှောက်ထားမှုရှိသော်လည်း ပညာရေးကောလိပ်များ၏ ဝင်ဆံ့မှုအင်အားအရ (၇၀၀၀) ခန့်သာရွေးချယ်လေ့ရှိပါတယ်။

Source: Democracy

**Zawgyi**

PPTT သင္တန္းသားေခၚယူရာတြင္ လံုေလာက္မႈမရွိပါက အျခားေနရာမ်ားမွ ေခၚယူမည့္စနစ္ကို လာမည့္ႏွစ္မ်ားတြင္ က်င့္သံုးမည္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာသင္တန္း PPTT ကို ၿမိဳ႕နယ္အလိုက္ဦးစားေပးေရြးခ်ယ္မည္ျဖစ္ၿပီး လံုေလာက္မႈမရွိပါက အျခားေနရာမ်ားမွေခၚယူမည့္စနစ္ကို လာမည့္ႏွစ္မ်ားတြင္က်င့္သံုးမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ပညာေရး၀န္ႀကီးဌာနအေနျဖင့္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာသင္တန္းကို ႏွစ္စဥ္ေခၚယူေလ့ရွိရာ (၂၀၁၈) ခုႏွစ္မွစတင္ၿပီး ၿမိဳ႕နယ္အလိုက္ ေက်ာင္းသားဦးေရအေပၚမူတည္ၿပီး ေရြးခ်ယ္သည့္စနစ္ကို စတင္က်င့္သံုးခဲ့ၿပီး လိုအပ္ခ်က္ျပည့္မွီမႈ မရွိမွသာ အျခားေနရာမ်ားမွေခၚယူျခင္းကို ျပဳလုပ္မည္ျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔စနစ္ကို လာမည့္ႏွစ္မ်ားတြင္လည္း ယင္းစနစ္အတိုင္း က်င့္သံုးသြားမည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွသိရပါတယ္။

 

Computer Applications (480) Computer Applications ႏွင့္ပတ္သက္ျပီး သင္တန္း (480) ခုရွာရန္ႏွိပ္ပါ။

 

၀င္ခြင့္ေျဖတဲ့သူေတြက တိုင္းေဒသႀကီးျပည္နယ္အလိုက္ ၿမိဳ႕နယ္တစ္ခုကိုေရြးခ်ယ္ၿပီး ေျဖဆိုႏိုင္တယ္။

 

ေရြးတာကိုေတာ့ ေဒသခံထဲက ဦးစားေပးေရြးခ်ယ္တာကို အရင္ေဆာင္ရြက္ပါတယ္။

 

ေဒသခံထဲမွလံုေလာက္မႈမရွိမွ အျခားတိုင္းေဒသႀကီး ျပည္နယ္မ်ားေတြက ေလွ်ာက္ထားတဲ့သူေတြကိုေရြးတယ္။ ေနာင္ႏွစ္ေတြလည္းဒီအတိုင္းေရြးသြားမယ္” ဟု အဆင့္ျမင့္ပညာဦးစီးဌာနမွ အရာရွိတစ္ဦးကေျပာၾကားပါတယ္။

 

လုပ္ငန္းခြင္အႀကိဳမူလတန္း ဆရာအတတ္ပညာသင္တန္းသည္ ႏွစ္စဥ္ဇန္န၀ါရီလခန္႔တြင္ ေလွ်ာက္လႊာေခၚယူေလ့ရွိၿပီး လာမည့္ (၂၀၂၀) ျပည့္ႏွစ္တြင္ ေခၚယူမည့္အပတ္စဥ္အတြက္လည္း ဇန္န၀ါရီလထဲတြင္ေခၚယူႏိုင္ရန္ ရည္မွန္းထားေၾကာင္း၊ သင္တန္း၀င္ခြင့္ေလွ်ာက္ထားသူမ်ားကို အဂၤလိပ္စာဘာသာရပ္ႏွင့္ ပညာေရးဆိုင္ရာအေထြေထြ ဗဟုသုတေမးခြန္းမ်ား ေျဖဆိုေစၿပီး ေရးေျဖေအာင္ျမင္သူမ်ားကို သင္တန္း၀င္ခြင့္ေပးေလ့ရွိေၾကာင္း သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ားသည္ စာေတြ႔ () လႏွင့္ လက္ေတြ႔တန္းျပ () လ စုစုေပါင္း () လတာ သင္တန္းတက္ေရာက္ရေၾကာင္းသိရပါတယ္။

 

Read More:>>>> ေက်ာင္းပိတ္ကာလအတြင္း ရန္ကုန္တကၠသုိလ္ေက်ာင္းေဆာင္မ်ားတြင္ ေနထိုင္ခြင့္ျပဳမည္

 

လုပ္ငန္းခြင္အႀကိဳမူလတန္း ဆရာအတတ္ပညာသင္တန္းသည္ တစ္ႏွစ္လွ်င္တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ () ေသာင္းေက်ာ္ခန္႔ေလွ်ာက္ထားမႈရွိေသာ္လည္း ပညာေရးေကာလိပ္မ်ား၏ ၀င္ဆံ့မႈအင္အားအရ (၇၀၀၀) ခန္႔သာေရြးခ်ယ္ေလ့ရွိပါတယ္။

 

Source: Democracy

 

News Read 12598 times