ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းကို အဝေးသင်တက္ကသိုလ်ဌာနခွဲရှိသည့် တက္ကသိုလ်အလိုက်မေးခွန်းထုတ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း ပြောကြားသည်။
ပြီးခဲ့သည့် ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ်ဌာနခွဲဖွင့်ထားသည် တက္ကသိုလ်တိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များထုတ်သော စာမေးပွဲပေးခွန်းဖြင့်သာ စစ်ဆေးခဲ့ပါသည်။
ထိုစနစ်ကို ယခုနှစ်တွင် စတင်ပြောင်းလဲမည်ဖြစ်ပြီး ယခုပညာသင်နှစ်ကစကာ အဝေးသင်တက္ကသိုလ်ဌာနခွဲရှိသည့် တက္ကသိုလ်တိုင်းကို တက္ကသိုလ်အလိုက်ထုတ်သည့် မေးခွန်းဖြင့်သာ စာမေးပွဲစစ်ရန် ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုပါသည်။
အရင်က ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တွေက မေးခွန်းထုတ်တာဖြေဆိုရပါတယ်။ အခုအဝေးသင်ဌာနခွဲတွေက သူ့တက္ကသိုလ်အလိုက်မေးခွန်းထုတ်မှာ ဟုဒေါက်တာသိန်းဝင်းကပြောကြားပါသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ ရန်ကုန်နှင့် မန္တလေးတွင် အဝေးသင်တက္ကသိုလ်(၂) ခုရှိပြီး ထိုအဝေးသင်တက္ကသိုလ်များ၏ ဌာနခွဲကို ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် (၃၆) တွင် ဖွင့်လှစ်ထားပါသည်။ ယခုပညာသင်နှစ်တွင် အဝေးသင်စီးပွားရေးဘာသာရပ်များကို စီးပွားရေးတက္ကသိုလ်များတွင်သာ တက်ခွင့်ပြုထားရာ အဝေးသင်ဘာသာရပ်သင်တန်းဖွင့်သည့် တက္ကသိုလ်(၃၉) ခုရှိပါသည်။
ယခင်ကကျောင်းအပ်လက်ခံခြင်း၊ စာစဉ်လက်ခံခြင်း၊ စာမေးပွဲမေးခွန်းထုတ်ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်နှင့် အဝေးသင်ဌာနခွဲများက ပူးပေါင်းဆောင်ရွက်ရသော်လည်း ယခုနှစ်တွင် ပြောင်းလဲသည့်စနစ်သစ်အရ အဝေးသင်တက္ကသိုလ် ဌာနခွဲ ဖွင့်ထားသည့် ကျောင်းတိုင်းက ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
Read More >>>>> Practicing IT Project Management သင်တန်းဖွင့်လှစ်မည်
အဝေးသင်တက္ကသိုလ်များ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ်တစ်နှစ်လျင် (၁) ကြိမ်ကျင်းပသည်။ အဝေးသင်စာစဉ်များကို ပညာသင်နှစ် (၁) နှစ်လျှင် (၂) ကြိမ်တင်သွင်းရပြီး သတ်မှတ်ရက်အတွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုပါသည်။
ထို့အပြင်သိပ္ပံဘာသာရပ် အထူးပြုသင်တန်းများမှ လက်တွေ့သင်တန်းကို (၇၅%) တက်ရောက်ပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
တစ်နိုင်ငံလုံးတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား/သူ (၆) သိန်းခန့်ရှိပါသည်။
Source: 7Day News