“အဝေးသင်တက္ကသိုလ်တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေက နေ့သင်တန်းတက်တဲ့ ဦးရေထက် ပိုများတယ်။ ဒါကြောင့် အဝေးသင်စနစ်ကို ထိရောက်တဲ့ သင်ကြား၊ သင်ယူမှုတွေ ဖြစ်အောင် အရည်အသွေး မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ်နဲ့ မန္တလေးအဝေးသင်တက္ကသိုလ်တို့ကို ပူးပေါင်းပြီး အရည်အသွေး ပိုမိုကောင်းမွန်တဲ့ အဝေးသင် ပညာရေးစနစ် ပေါ်ထွက်လာဖို့ ဆောင်ရွက်မှာပါ” ဟု ပြောသည်။
အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေး အစီအစဉ်အတွက် အီလက်ထရွန်နစ် သင်ယူမှုဌာန (e-Education Learning Centre) ပေါင်း ၆၂၄ ခုကို မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားပြီး သင်ခန်းစာများကိုလည်း ရန်ကုန်အဝေးသင် တက္ကသိုလ်၏ ၀က်ဘ်ဆိုက် www.yude.edu.mm မှတစ်ဆင့် ၂၄ နာရီ အချိန်ပြည့် အခမဲ့ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အလားတူ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေးနှင့် ပေါင်းစပ်ဘာသာရပ် အထူးပြုကျောင်းသားများအတွက် Data Broadcasting System ဖြင့် ပို့ချမည့်အပြင် သိပ္ပံဘာသာရပ်များမှအပ ကျန်ဘာသာရပ်များကို အနီးကပ် သင်တန်းများ ပို့ချမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ