” နေပြည်တော်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူရေးကို အထောက်အကူပြုစေရန် အတတ်ပညာပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ၊ အသက်မွေးဝမ်းကျောင်း ပညာပေါင်းစုံ၊ အစရှိသဖြင့် ဒေသရဲ့ လိုအပ်ချက်ကို ကိုက်ညီဖြည့်ဆည်းပေးနိုင်မယ့် Comprehensive University တစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါတယ်” ဦးဝင်းမော်ထွန်းကပြောပါတယ်။
Comprehensive University နဲ့ လိုက်လျောညီထွေရှိမယ့် မြေနေရာ အကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်မှု၊ မြေနေရာ အခြေအနေပေးမှု အစရှိတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ နေရာရရှိမှုတွေ အတွက် နေပြည်တော်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
” မြေနေရာသတ်မှတ်ပြီးလျှင် တက္ကသိုလ်ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ခွင့်ပြုချက် ရရှိရေး လိုအပ်တဲ့ ဘဏ္ဍာငွေကို တွက်ချက်တင်ပြသွားမှာပါ။ ဘဏ္ဍာငွေခွင့်ပြုချက်ရတဲ့ အချိန်ကစကာ တက္ကသိုလ်ထူထောင်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားနိုင်မှာပါ ” လို့ ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet