နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး) မှ Ph.D ဝင်ခွင့် ခေါ်နေပါပြီ

နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး) မှ Ph.D ဝင်ခွင့် ခေါ်နေပါပြီ

အပတ်စဉ်(၃) ပါရဂူဘွဲ့ သင်တန်းများ အတွက် ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေပါသည်။ 

၁။ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အပတ်စဉ်(၃) ပါရဂူဘွဲ့ သင်တန်းများ Ph.D (IT)/Ph.D(EcE)/Ph.D(Materials&Met) ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းသို့ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ M.E(IST/CE/IT/EcE/EC/Mat&Met/ Met&Mat) နှင့် M.C.Sc/M.C.Tech ဘွဲ့များရရှိပြီး အဆင့်မြင့်အောင်မြင်ထားသူများ၊ ဝန်ထမ်းဖြစ်ပါက ဦးစီး ဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များ နှင့်ကိုက်ညီသော အထက်ပါ မဟာအင်ဂျင်နီယာ/ မဟာကွန်ပျူတာသိပ္ပံ/ မဟာကွန်ပျူတာနည်းပညာဘွဲ့ရ ဝန်ထမ်းများ ဝင်ခွင့် ဝင်ရောက် ဖြေဆို နိုင်ပါ သည်။

ဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့်တွဲ၍လည်းကောင်း ပုံမှန်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆင့်မြင့်အောင်မြင်ကြောင်း အထောက်အထားများ ပူးတွဲ၍လည်းကောင်း တင်ပြရမည် ဖြစ်ပါသည်။

၃။ ဝင်ခွင့်စာမေးပွဲအား အောက်ပါအတိုင်း စစ်ဆေးသွားမည်ဖြစ်ပါသည်။

ရေးဖြေစာမေးပွဲ

- (၄.၅.၂၀၁၉)ရက်နေ့၊ စနေနေ့၊ နံနက်(၉း၀၀) နာရီ မှ (၁၂း၀၀) နာရီ အင်္ဂလိပ်စာဘာသာရပ်

- (၅.၅.၂၀၁၉)ရက်နေ့၊ တနင်္ဂနွေနေ့၊ နံနက် (၉း၀၀) နာရီ မှ (၁၂း၀၀) နာရီ အထူးပြု ဘာသာရပ်

လူတွေ့စာမေးပွဲ

- (၂၅.၅.၂၀၁၉) ရက်နေ့၊ စနေနေ့၊ နေ့လည် (၁း၀၀) နာရီ

၎။ လျှောက်လွှာများကို (၂၂.၄.၂၀၁၉) ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပြီး အဆိုပါရက်မှ စတင်ကာ (၂.၅.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ကျောင်းသားရေးရာ ဌာနတွင် တင်သွင်းနိုင်ပါသည်။

News Read 2480 times