မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန်ဒီပလိုမာ လူတွေ့စစ်ဆေးမှု မေလ ၁၉ ရက် ပြုလုပ်မည်

မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန်ဒီပလိုမာ လူတွေ့စစ်ဆေးမှု မေလ ၁၉ ရက် ပြုလုပ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပြုလုပ်မှာဖြစ်ပြီး မနက် ၈းဝ၀ နာရီ စတင်မှာဖြစ်ပါတယ်။

လူတွေ့ဖြေဆိုခွင့်ရရှိသူတွေအနေနဲ့ ဘွဲ့ လက်မှတ်နဲ့ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်တွေကို တစ်ပါတည်း ယူဆောင်လာရမယ် ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထိုသင်တန်းကို တက္ကသိုလ် တစ်ခုခုက ဘွဲ့ရရှိပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ အသက်၂၅ နှစ် ထက်မကြီး သူတွေသာ လျှောက်ထားခွင့်ပြုတာဖြစ်ပါတယ်။

ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ လုပ်သက် အနည်းဆုံး နှစ်နှစ်ရှိပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ ၃၅ နှစ်ထက် မကြီးသူတွေကိုပါ လျှောက်ထားခွင့်ပြုပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တွေမှာ တက်ရောက်ရမှာဖြစ်ပြီး ရေးဖြေစာမေးပွဲတွေကို ၂၀၁၇ ခုနှစ် ဧပြီ ၄ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိ သူတွေကို မေလ ၁၉ ရက်နေ့မှာ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်(မန္တလေး ဌာနခွဲ) တို့မှာ စစ်ဆေးမှာဖြစ်ပါတယ်။

မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းကာလက ၁၀ လ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အခြေခံပညာ ကျောင်းတွေမှာ အလယ်တန်းပြဆရာ၊ ဆရာမတွေအဖြစ် ခန့်ထားပေးမည် ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 2157 times