ယခင်ပညာသင်နှစ်ကသက် ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အသင်း များ၏ ထောက်ခံချက်ဖြင့် အခြေခံပညာကျောင်းများတွင် တိုင်း ရင်းသားဘာသာ စကားအချိန် ပိုင်း သင်ကြားပေး နေသည့် ဆရာ၊ ဆရာမများကို နေ့စားလပေးဆရာ များအဖြစ် ခန့်အပ်ထားသည်။
‘‘ဒီဇင်ဘာ ၂၈ ရက်က အော် ဒါထုတ်ပေးလိုက်ပြီ။ ဒီလက စခန့်တာပေါ့။ ကိုးတန်းအောင်၊ ဆယ်တန်း အောင်တွေ ပါတယ်ဆို တာက ဝေးလံခေါင်သီတဲ့နေရာ တွေက လိုအပ်ချက်လည်းရှိနေ တော့ ပညာ အရည်အချင်းသတ် မှတ်ချက်က လျှော့ပေါ့စဉ်းစား ပေးလိုက်တာပါ။ နောက်တစ်ခုက လစာငွေလည်း ချီးမြှင့်လိုက်တော့ သူတို့ရဲ့ပညာရေးကိုလည်း ဆက် လုပ်လို့ရတာပေါ့’’ ဟု ဒေါက်တာ အောင်နိုင်စိုးက ပြောသည်။
အနိမ့်ဆုံးန၀မတန်းအောင် မြင်ထားသည့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း တိုင်းရင်းသား ဒေသခံများကို တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားဘာသာစကားအ သုံးပြုသင်ကြားနေသည့် အခြေခံ ပညာကျောင်းများတွင် တစ်နေ့ လျှင် ကျပ် ၃,၆၀၀ နှုန်းဖြင့် ခန့် ထားခဲ့သည်။
တိုင်းရင်းသားဒေသများရှိ အခြေခံပညာကျောင်းအချို့တွင် ဆရာ၊ ဆရာမလိုအပ်ချက်အရ တိုင်းရင်းသား ဘာသာစကား မတတ်ကျွမ်းသည့်ဆရာ၊ ဆရာမ များကို ခန့်အပ်ထားရာ မြန်မာ ဘာသာစကား မတတ်ကျွမ်းသည့် ဒေသခံကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများအ ကြား သင်ကြား၊ သင်ယူမှု အခက် အခဲများ ကြုံတွေ့ခဲ့ရသည်။
‘‘တိုင်းရင်းသားဒေသက က လေးအများစုက မွေးကတည်းက သူတို့ရဲ့ မိခင်ဘာသာစကားဖြစ် တဲ့ တိုင်းရင်းသားဘာသာစကား ကိုပဲ ပြောလာတာ။ ကျောင်းစ တက်မယ်ဆိုတော့ သင်ရိုးတွေက မြန်မာလိုပြုစုထားတာ ဖြစ်နေ တယ်။ မြန်မာလိုသင်ရင် ကလေး တွေက နားလည်မှာမဟုတ်တော့ ဘူး။ အဲဒီလိုမဖြစ်အောင် ဆရာ၊ ဆရာမက မြန်မာလိုသင်မယ်။ တိုင်းရင်းသားဒေသခံဆရာ၊ ဆ ရာမတွေက သူတို့ဘာသာနဲ့ က လေးတွေကို နားလည်အောင်ထပ် ရှင်းပြမယ်’’ ဟု ဒေါက်တာအောင် နိုင်စိုးက ပြောသည်။
ပညာရေးဝန်ကြီးဌာနက ခန့် အပ်ထားသော ဆရာ၊ ဆရာမ သည် သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစကား ပြောဆိုတတ်ပါက ယင်းစာသင်ခန်းအတွက်Teach-ing Assistant ထားပေးမည်မ ဟုတ်ဘဲ မြန်မာဘာသာ စကားသာ ပြောဆိုတတ်သည့် ဆရာ၊ဆရာမသင်ကြားမည့် စာသင်ခန်းများ တွင်သာ Teaching Assistant ထားပေးမည်ဟု ၎င်းကဆိုသည်။
နေ့စားလပေးဆရာ၊ ဆရာ မ (Teaching Assistant) များ အဖြစ်ခန့်ထားရန် စက်တင်ဘာ ၂၆ ရက်က စတင်၍ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာနက လျှောက်လွှာများ ခေါ်ယူခဲ့သည်။
ယခင်ပညာသင်နှစ်က တိုင်း ရင်းသားဒေသများရှိ အခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာ စကား အချိန်ပိုင်း သင်ကြားပေးသော ဒေသခံများ ကို ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် လစဉ် ကျပ် ၃၀,၀၀၀ နှုန်း ဖြင့် ပညာသင်နှစ်တစ်နှစ်လျှင် ရှစ်လပံ့ပိုးပေးသည်။
အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၂ ၌ အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာ စကားနှင့်အတူ စာသင် ခန်းသုံးဘာသာစကားအဖြစ် တွဲဖက် အသုံးပြုနိုင်ကြောင်း ဖော်ပြ ထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily