Oracle Database အကြောင်း စိတ်ဝင်စားသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော IT Officer များ၊ မြန်မာနိုင်ငံအခြေစိုက် ပြည်ပကုမ္ပဏီများတွင် Administrator အဖြစ် အလုပ်လုပ်လိုသူများ၊ IT ကျောင်းသူ၊ ကျောင်းသားများ အထူးတက်ရောက်သင့်သော သင်တန်းဖြစ်သည်။
သင်တန်းတက်ရောက်ခြင်းအားဖြင့် Oracle Database Administration ပိုင်းအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Administrator တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် Basic Database Administration, Structure and Storage, Schema Objects, Database Resource Management and Task Scheduling, Distributed Database Management, Managing a Multitenant Environment အစရှိသည်တို့ကို သင်ကြားလေ့လာရမည် ဖြစ်ကြောင်း သိရသည်။
အတန်းတက်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီသူများကိုသာ သင်တန်းဆင်းလက်မှတ်ပေးအပ်မည် ဖြစ်သည်။
ဗီယက်နမ်မှ သင်တန်းဆရာကိုယ်တိုင် သင်ကြားပို့ချမည်ဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာစကားကို တတ်ကျွမ်းနားလည်ရန် လိုအပ်မည် ဖြစ်သည်။
သင်တန်းကြေးအနေဖြင့် ငါးသောင်းကျပ်ကျသင့်မည် ဖြစ်ပြီး MCPA Member ဝင်ထားသူများကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းသားအရေအတွက် ကန့်သတ်ထားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာလ ၂၅ ရက်နောက်ဆုံးထား လက်ခံသွားမည် ဖြစ်ပါသည်။
Contact Detail
၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀
Ref: internet journal