၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၏ တကၠသုိလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား၏ ေန႔သင္တန္းမ်ားကို ဒီဇင္ဘာ (၂) ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရပါတယ္။
ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္ရွိ ဝိဇၨာ/သိပၸံ တကၠသိုလ္မ်ား ၊ကြန္ပ်ဴတာတကၠသိုလ္မ်ား၊ စီးပြားေရးတကၠသုိလ္မ်ား၊ တကၠသုိလ္ဒီဂရီေကာလိပ္အသီးသီး၏ ေန႔သင္တန္းမ်ားကို ဒီဇင္ဘာ (၂) ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဒုတိယႏွစ္ႏွင့္ အထက္သင္တန္းမ်ားကိုလည္း ဒီဇင္ဘာ (၂) ရက္ေန႔တြင္ပင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနသိရပါတယ္။
စစ္ကိုင္းပညာေရးတကၠသုိလ္၊ မံုရြာစီးပြားေရးတကၠသုိလ္၊ မိတၳီလာစီးပြားေရးတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသုိလ္မ်ားႏွင့္ ဝိဇၨာ/ သိပၸံတကၠသုိလ္မ်ား၏ ဝင္ခြင့္ရစာရင္းမ်ားကို သက္ဆိုင္ရာ တကၠသုိလ္ Website၊ Facebook ၊ အဆင့္ျမင့္ပညာဦးစီးဌာန Website မ်ားတြင္ယခုလ (၃၁) ရက္ေန႔တြင္ ေၾကညာေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။
တကၠသုိလ္ဝင္ခြင့္ရေက်ာင္းသား/သူမ်ားအေနျဖင့္ ေက်ာင္းေျပာင္းေရြ႕ေလ်ွာက္ထားလိုပါက မူလဝင္ခြင့္ရေက်ာင္းမ်ားတြင္ ေက်ာင္းဝင္မွတ္ပံုတင္ၿပီးမွ ေျပာင္းေရႊ႕လိုေသာ အေၾကာင္းအရင္းမ်ားျဖင့္ ေျပာင္းေရႊ႕လိုသည့္ တကၠသုိလ္၏ အမွတ္ႏွင့္ ဝင္ဆံုအင္အားမ်ားအေပၚ မူတည္ၿပီးမွသာေျပာင္းေရႊ႕မည္ျဖစ္ေၾကာင္း သိရပါတယ္။
Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။
တကၠသုိလ္ အေျပာင္းအေရႊ႕ ေလ်ွာက္ထားရာတြင္ အသက္ေမြးဝမ္းေက်ာင္းတကၠသုိလ္ တစ္ခုခုမွ အျခားအသက္ေမြးဝမ္းေက်ာင္း တကၠသုိလ္ကို ေျပာင္းေရႊ႕ ေလ်ွာက္ထားလိုပါက သာမန္အားျဖင့္ ေျပာင္းေရႊ႕ခြင့္မေပးေသာ္လည္း ေျပာင္းေရႊ႕လိုသည့္ တကၠသုိလ္၏ ဝင္ခြင့္အနိမ့္ဆံုးအမွတ္မီပါက မိမိဝင္ခြင့္ရေက်ာင္းမွ အဆင့္ျမင့္ပညာဦးစီးဌာန (ရန္ကုန္ရံုးခြဲ) ကိုေလ်ွာက္ထားႏိုင္ေၾကာင္း တကၠသုိလ္ဝင္ခြင့္လမ္းညႊန္တြင္ ေဖာ္ျပထားပါတယ္။
၂၀၁၉ခုႏွစ္ တကၠသုိလ္ဝင္၊ စာေမးပြဲေအာင္ေက်ာင္းသား/သူမ်ား၏ ပထမႏွစ္ေန႔ သင္တန္းဝင္ခြင့္မ်ားအားလံုးေၾကညာၿပီးမွ အေဝးသင္တကၠသုိလ္ဝင္ခြင့္မ်ားကို ဆက္လက္ေၾကညာမည္ ျဖစ္ေၾကာင္းသိရပါတယ္။
Source: Democracy
**Unicode**
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ နေ့သင်တန်းများကို ဒီဇင်ဘာ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ ၊ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ တက္ကသိုလ်ဒီဂရီကောလိပ်အသီးသီး၏ နေ့သင်တန်းများကို ဒီဇင်ဘာ (၂) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒုတိယနှစ်နှင့် အထက်သင်တန်းများကိုလည်း ဒီဇင်ဘာ (၂) ရက်နေ့တွင်ပင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနသိရပါတယ်။
စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းများကို သက်ဆိုင်ရာ တက္ကသိုလ် Website၊ Facebook ၊ အဆင့်မြင့်ပညာဦးစီးဌာန Website များတွင်ယခုလ (၃၁) ရက်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရပါတယ်။
တက္ကသိုလ်ဝင်ခွင့်ရကျောင်းသား/သူများအနေဖြင့် ကျောင်းပြောင်းရွေ့လျှောက်ထားလိုပါက မူလဝင်ခွင့်ရကျောင်းများတွင် ကျောင်းဝင်မှတ်ပုံတင်ပြီးမှ ပြောင်းရွှေ့လိုသော အကြောင်းအရင်းများဖြင့် ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၏ အမှတ်နှင့် ဝင်ဆုံအင်အားများအပေါ် မူတည်ပြီးမှသာပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရပါတယ်။
Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။
တက္ကသိုလ် အပြောင်းအရွှေ့ လျှောက်ထားရာတွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုခုမှ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကို ပြောင်းရွှေ့ လျှောက်ထားလိုပါက သာမန်အားဖြင့် ပြောင်းရွှေ့ခွင့်မပေးသော်လည်း ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၏ ဝင်ခွင့်အနိမ့်ဆုံးအမှတ်မီပါက မိမိဝင်ခွင့်ရကျောင်းမှ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ကိုလျှောက်ထားနိုင်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားပါတယ်။
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်၊ စာမေးပွဲအောင်ကျောင်းသား/သူများ၏ ပထမနှစ်နေ့ သင်တန်းဝင်ခွင့်များအားလုံးကြေညာပြီးမှ အဝေးသင်တက္ကသိုလ်ဝင်ခွင့်များကို ဆက်လက်ကြေညာမည် ဖြစ်ကြောင်းသိရပါတယ်။
Source: Democracy