နှစ်ပေါင်း ၂၀ နီးပါးပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ RC-2 ကို ပြန်လည်ဖွင့်လှစ်

နှစ်ပေါင်း ၂၀ နီးပါးပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ RC-2 ကို ပြန်လည်ဖွင့်လှစ်

၁၉၉၆ ခုနှစ် ၀န်းကျင်က ပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ၊ ဒေသကောလိပ် -၂ ကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်တက်ရောက်ခွင့်ပြုခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အောက်တိုဘာလမှ စတင်ကာ ကျောင်းဆောင်နှစ်ဆောင်ကို ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပြီး ယင်းနေရာတွင်ရှိသော ပညာရေးကောလိပ်လေ့ကျင့်ရေး အထက်တန်းကျောင်းကိုလည်း ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်) ငါးထပ်ကျောင်းဆောင်သစ်ကို ပြောင်းရွှေ့တက်ရောက်စေခဲ့ကြောင့် အဆင့်မြင့် ပညာရေး ဦးစီးဌာနမှ သိရသည်။

READ - အခြေခံပညာမူလတန်းကျောင်းများအတွက် မူလတန်းပြတစ်သောင်းဝန်းကျင် ခန့်ထားရန် လိုအပ်နေ

လှိုင်တက္ကသိုလ်နယ်မြေ (ဒေသကောလိပ်) ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြုပြင်မွမ်းမံခြင်းများကို ရန်ကုန်တက္ကသိုလ်၏ ခွင့်ပြုဘတ်ဂျက်မှ တစ်ဆင့်ကျခံပြီး ဆောင်ရွက်ခဲ့သလို အဆိုပါနေရာတွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများကလည်း တက္ကသိုလ်ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၄ ရက် ကျောင်းဖွင့်သည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများဖြင့် ဖွဲ့စည်းထားသော ကျောင်းသားဟောင်းများ၏ ရွှေအိုရောင် ပရဟိတ အဖွဲ့မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ပြုလုပ်ပေးခဲ့သည်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ၁၉၇၆ ခုနှစ်မှစတင်ကာ ဒေသကောလိပ် ၂ ဟု ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

မေဂျာတန်းများဖွင့်လှစ်ပြီး ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေအဖြစ် ပြောင်းလဲခဲ့ပြီး နောက် TTC လှိုင်နယ်မြေအဖြစ် ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ၁၉၉၆ ခုနှစ်အထိသာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2674 times