ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အီတာလျံနှင့် စပိန်ဘာသာ ဌာနသစ်ဖွင့်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အီတာလျံနှင့် စပိန်ဘာသာ ဌာနသစ်ဖွင့်မည်

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် အီတာလျံနှင့် စပိန်ဘာသာစကား ဌာနသစ်နှစ်ခု ထပ်တိုးဖွင့်မည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွင်က ပြောကြားသည်။

“အီတာလျံက ကမ္ဘာပေါ်မှာ ပြောစကားတော်တော်များတယ်။ အင်္ဂလိပ်နဲ့ တရုတ်ပြီးရင် အများဆုံးပဲ။ အနောက်နိုင်ငံတွေ ရောက်လို့ရှိရင် အင်္ဂလိပ်စကားပြောတာက ခွင်ကျဉ်းသွားတယ်။ အထူးသဖြင့် စပိန်နဲ့အီတာလျံက ပိုပြီးကျယ်ပြန့်တယ်”ဟု ဒေါက်တာကြည်ရွင်က ပြောကြားသည်။

ယင်းဘာသာစကားဌာနများကို သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ အကူအညီဖြင့် ဖွင့်မည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် ပထမနှစ်စဖွင့်နိုင်ရန်စီစဉ်နေပြီး ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၅၀ ခန့် လက်ခံသင်ကြားနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပညာရေးဝန်ကြီးဌာနဆီကတော့ ခွင့်ပြုချက်ကို ပုံမှန်အတိုင်းယူရပါတယ်။ ဒါပေမဲ့ခွင့်ပြုချက်ကို မပိတ်ပင်ပါဘူး။ ပညာရေးလွတ်လပ်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ ဖွင့်ချင်တဲ့ဘာသာရပ်ကို အလွယ်တကူဖွင့်ခွင့်ရပါတယ်”ဟု ဒေါက်တာကြည်ရွှင်က ပြောသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အနေနှင့် လက်ရှိတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့် ချိတ်ဆက် ထားပြီး တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် ထိုင်းဘာသာစကား ၈ မျိုးကို ဖွင့်လှစ် သင်ကြားနေခြင်း ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 2453 times