ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း ၈ ခုဖွင့်မည်

ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း ၈ ခုဖွင့်မည်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်၏ ဘာသာရပ်ဌာနများတွင် ဘွဲ့လွန်ဒီပလိုမာ သင်တန်း ၈ခုဖြစ်သည့်

၁။ အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း

၂။ အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း

၃။ အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း

၎။ ရှေးဟောင်းသုတေသန ပညာ ဒီပလိုမာသင်တန်း

၅။ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း

၆။ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်း

၇။ မနုဿဗေဒ ဒီပလိုမာသင်တန်း

၈။ လူမှုရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနတွင် သတ်မှတ် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားရန်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများဖြစ်သော တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူများ၊ အစိုးရ၀န်ထမ်းများနှင့် အခြားလုပ်ငန်းများတွင် အလုပ်လုပ်နေသူဖြစ်ပါက ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲ၏ အချိန်ပြည့်တက်ရောက်ရန်ခွင့်ပြုကြောင်း ထောက်ခံစာတို့ဖြင့် လျှောက်ထားနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 3449 times