ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရန်ကုန်တိုင်းရှိ ဆေးရုံလေးခုတွင် စာဖြေဌာနများ ဖွင့်မည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရန်ကုန်တိုင်းရှိ ဆေးရုံလေးခုတွင် စာဖြေဌာနများ ဖွင့်မည်

‘‘ကန့်သတ်ချက်ကတော့ ဆေးရုံမှာဖြေဖို့လိုအပ်တယ်ဆိုတဲ့ သက်ဆိုင်ရာဆရာဝန်ရဲ့ ထောက်ခံချက်ပဲ။ တခြားဘာမှမလိုပါဘူး။ ဆရာဝန်က ဒီဆေးရုံမှာ ဖြေဖို့လိုအပ်တယ်ဆိုမှသာ အဲဒါကို ကျွန်တော်တို့က တရားဝင်စာထုတ် တယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနကို စာပို့တယ်။ အဲဒီစာစစ် ဌာနကနေပြီးတော့ စာပြန်ပို့ပေး တယ်။ ဥပမာ- ဒီကလေးက ဗိုလ်တထောင်စာစစ်ဌာနမှနေ၍ ရန်ကုန်ဆေးရုံကြီး စာဖြေဌာနသို့ ပြောင်းရွှေ့ဖြေဆိုခွင့်ပြုသည်ဆို တဲ့ စာရမှ ဒီက လက်ခံတယ်’’ ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းက ပြောသည်။

READ - အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သင်တန်းကျောင်းတွင် လျှပ်စစ်သင်တန်းနှစ်မျိုးအတွက် သင်တန်းသား ၄၀ လက်ခံသင်ကြားပေးမည်

ကျန်းမာရေး ချို့ယွင်းမှု ကြောင့် စာမေးပွဲမဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများ သည် မိမိတို့ ပြသနေသည့် ဆရာဝန်၏ ထောက်ခံချက်နှင့်တကွ အဆိုပါ ဆေးရုံကြီးလေးခုရှိ ဆေးလူမှု ဆက်ဆံရေး ဌာနသို့ လာ ရောက်ဆက်သွယ် ဖြေဆိုနိုင်သည်။

ယခင်နှစ်က ရန်ကုန်ဆေး ရုံကြီးတွင် စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၂၁ဦးရှိ ပြီး လက်ရှိ ပညာသင်နှစ်အတွက် ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသားတစ်ဦး ရှိကြောင်း ဦးထွန်းလင်းက ပြောသည်။

ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၆ အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ဝေဘာဂီအထူးကု ဆေးရုံကြီး စသောဆေးရုံကြီး သုံးခုတွင်သာ စာဖြေဌာနများ ဖွင့် လှစ်ခဲ့သည်။

၂၀၁၇ ကစတင်၍ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးရုံစာဖြေဌာနတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ရာ စုစုပေါင်း ဆေးရုံ လေးခု၌ စာဖြေဌာနလေးခု ဖွင့် လှစ်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1782 times