အကျဉ်းဦးစီးဌာနနှင့် အခြားနိုင်ငံများတွင် သံရုံးဖွင့်လှစ်ထားသည့် နိုင်ငံများ၌ အဝေးသင်တက္ကသိုလ်စာစစ်ဌာနခွဲများကိုလည်း ဖွင့်လှစ်ပေးထားရာ ၂၀၁၇ ခုနှစ် တွင် ဖြေဆိုခဲ့သော အဝေးသင် သင်တန်းအသီးသီး၏ အောင်စာရင်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ် website တွင် ကြည့်ရှုနိုင်ပါသည်။
၂၀၁၇ ခုနှစ်အတွက် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ကျောင်းသား/သူများလည်း အောင်မြင်ခဲ့ကြောင်း ဘာသာရပ်သင်တန်း အသီးသီးနှင့် နှစ်အလိုက် ကျောင်းသား/သူ ၁၃ ဦး အောင်မြင်ခဲ့သည်။
အကျဉ်းကျပြီး အဝေးသင်တက်ရောက်နေသော ကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် ဆက်လက် တက်ရောက်လိုသူများအတွက် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ်မှစတင်ပြီး စာစစ်ဌာနဖွင့်လှစ်ပေးခဲ့သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဝေးသင် စာစစ်ဌာနအပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလိုသူများအတွက် နိုင်ငံခြား စာစစ်ဌာနနှင့် အကျဉ်းထောင် စာစစ်ဌာနများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
Source: democracy today