Online Post-Graduate Diploma in Law (PGDL) 14th Batch သင်တန်းသားများအတွက် လျှောက်လွှာလက်ခံမည့် နေ့ရက် ကြေငြာထားပါသည်။
Online (PGDL) 14th Batch သင်တန်းဝင်ခွင့် လျှောက်လွှာများကို http://www.yudeonline.com.mm website မှတစ်ဆင့် Online registration ကို (4.3.2019) နေ့ နံနက် (8:30 am) မှ စတင် လျှောက်ထားနိုင်ပါသည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်နှင့် သတ်မှတ်လူဦးရေ ပြည့်ပါက registation ပိတ်မည် ဖြစ်ပါသည်။
Online PGDL အတွက် တက်ချင်သူများ ပြင်ဆင်ထားနိုင်ပါပြီ။ PGDL က ၁ နှစ်ပါ။ Diploma ပေးပါတယ်။ ကျောင်းပြီးရင် ချိန်ဘာဆင်းပြီး ရှေ့နေလုပ်လို့ရပါတယ်။
သင်တန်းဝင်ခွင့်နှင့် စပ်လျဉ်းသော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ဝင်ခွင့်အရည်အချင်း - ဥပဒေဘွဲ့မှအပ မည်သည့် တက္ကသိုလ်မှ ဖြစ်စေ ဘွဲ့တစ်ခုခု ရရှိထားသူ
(ခ) စတင်ဖွင့်လှစ်မည့်ရက် - ၃.၄.၂၀၁၉ ရက်
(ဂ) သင်တန်းကာလ - (၁၀) လ
(ဃ) လျှောက်လွှာစတင်လက်ခံမည့်ရက် - ၄.၃.၂၀၁၉ ရက်
(င) လျှောက်လွှာတင်ရာတွင် လိုအပ်သော အချက်များ
၁။ အမည်
၂။ မှတ်ပုံတင်နံပါတ်
၃။ ဓာတ်ပုံ passport ပုံ soft copy
၎။ မွေးနေ့သက္ကရာဇ်
၅။ အလုပ်အကိုင်၊ လိပ်စာ၊ လုပ်သက်အတွေ့အကြုံ
၆။ Email လိပ်စာ၊ ဖုန်းနံပါတ်
၇။ အဖအမည်၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ
၈။ အမိအမည်၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ
၉။ ဘွဲ့အမည်၊ မေဂျာ၊ အထူးပြု၊ ဘွဲ့လက်မှတ်မိတ္တူ soft copy
၁၀။ ဆယ်တန်းအောင်ခုနှစ်၊ စာစစ်၊ ပြည်နယ်နှင့်တိုင်း
၁၁။ အခြေခံပညာအထက်တန်းအောင် လက်မှတ်မိတ္တူ soft copy