ဥပဒေပညာဘွဲ့သင်တန်း (Online LL.B) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ဥပဒေပညာဘွဲ့သင်တန်း (Online LL.B) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ဦးစီးပြီးဥပဒေပညာ ဘွဲ့ (LL.B) သင်တန်းကို ခေတ်မီနည်းပညာ တစ်ခုဖြစ်တဲ့ Web-Based Teaching System (WBTS) ကို အသုံးပြုကာ အွန်လိုင်းဖြင့် သင်ကြားပို့ချ သွားမည်ဖြစ်ရာ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၁၈ ပညာသင်နှစ်အတွက် ပထမနှစ်သင် တန်းသားများကို လက်ခံသင်ကြားရန် ထပ်မံခေါ်ယူခြင်းဖြစ်တယ်။

သင်တန်းမှာ ဘွဲ့ကြိုသင်တန်း အမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့် လျှောက်ထားသူတွေအနေနဲ့ တက္ကသိုလ်စာမေးပွဲ အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းတို့ဖြင့် ပူးတွဲ၍လည်းကောင်း၊ ဘွဲ့တစ်ခုခုရှိပြီး သူတွေအတွက် ဘွဲ့လက်မှတ်မူရင်းနဲ့တကွ ပူးတွဲ၍လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ် သင်တန်းရေးဌာနတွင် သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။

READ - စာသင်ကျောင်း ၃၁ ကျောင်း၌ အွန်လိုင်းအသုံးပြု Tablet များဖြင့် ပညာသင်ကြားပေးနေ

သင်တန်းဝင်ခွင့် အရည်အချင်းအနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အမှတ်စုစုပေါင်း ၃၅၀ နဲ့အထက်ရရှိ၍ အင်္ဂလိပ်စာတွင် ၅၀ နဲ့ အထက်ရရှိသူ (သို့မဟုတ်) ဥပဒေပညာဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများအနေနဲ့ ပထမနှစ်မှ စတင်တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့ ၅ နှစ်ကြာမြင့်မှာဖြစ်သလို လျှောက်လွှာများကို နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့် လျှောက်လွှာများကို http://www.ynou.edu.mm/public/ ဝက်ဘ် ဆိုက်ကတစ်ဆင့် Online Registration ပြုလုပ်၍ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် လျှောက်လွှာ များကို နိုဝင်ဘာလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထား ရမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ် ဖုန်း ၀၁- ၅၂၅၁၄၆၊ ၅၃၇၄၁၃၊ ၅၃၇၄၁၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 5452 times