ထို website ကို နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်လွှင့်တင်မည်ဖြစ်ပြီး website ကို ကဏ္ဍကြီး ၈ ခုဖြင့် ခွဲခြားထားသည်။
“ကဏ္ဍ ၈ ကြီးမှာ Vocational Courses တွေအတွက် ကဏ္ဍကြီး ခုနှစ်ခု၊ အတန်းပညာ (ဂိုက်) အတွက် ကဏ္ဍကြီးတစ်ခု ဆိုပြီး ခွဲထားပါတယ်။ အဲ့ထဲမှာ ဘာသာစကား၊ အိုင်တီနဲ့ မိုဘိုင်း၊ စီးပွားရေးပညာ၊ ဖန်တီးမှုနှင့် ဒီဇိုင်း၊ အလှအပနဲ့ လူနေမှု၊ သိပ္ပံပညာ၊ အခြားအသက်မွေးပညာနဲ့ အတန်းပညာတွေ အစရှိတာတွေ ပါဝင်ပါတယ်” ဟု ပြောသည်။
READ - ရန်ကုန်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် သင်တန်းအသီးသီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်
Website တွင် အခမဲ့သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ပြီး သင်ကြားလိုသူများအနေဖြင့် ပထမအဆင့်အနေနဲ့ website တွင် ဖုန်းနံပါတ်ထည့်သွင်းကာ Verification ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် Login with Facebook ကို ကလစ်နှိပ်ကာ ၀င်ရောက်ရမည် ဖြစ်သည်။
တတိယအဆင့်အနေဖြင့် ကိုယ်ရေးအချက်အလက်များကိုလည်း ဖြည့်စွက်ရမည်ဖြစ်သည်။
ထို website မှာ မြန်မာလူငယ်များ အထူးသဖြင့် နယ်ပယ်ကနေ ပညာသင်ကြားလိုသူများ မိမိနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာကို ရှာဖွေတွေ့ရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal