သင်္ကြန်ကာလနောက်ပိုင်းတွင် အ၀းသင်တက္ကသိုလ်စာစဉ်များကို အွန်လိုင်းမှ ဖြေဆိုနိုင်တော့မည်

သင်္ကြန်ကာလနောက်ပိုင်းတွင် အ၀းသင်တက္ကသိုလ်စာစဉ်များကို အွန်လိုင်းမှ ဖြေဆိုနိုင်တော့မည်

လာမည့်ပညာသင်နှစ်ဖြစ်သော ၂၀၁၈ ပညာသင်နှစ်အတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်လက်အောက်ရှိ အဝေးသင်တက္ကသိုလ်ဌာနခွဲများတွင် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများအနေဖြင့် အဆိုင်း မန့်များ မရရှိသေးပါက ကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စရာမလိုတော့ဘဲ ရန်ကုန်အဝေးသင် တက္ကသိုလ် ၀က်ဆိုက်ဖြစ်သည့် www.yude.edu.mm တွင် ဒေါင်းလုတ်ရယူကာ ဖြေဆိုနိုင်ပြီ ဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ်၏ ရန်ကုန်အဝေးသင်တက္ကသိုလ် လက်အောက်ရှိ စာစစ်ဌာနများ၏ အောင်စာရင်း များကိုလည်း ယင်းဝက်ဆိုက်မှတစ်ဆင့် ကြေညာပေးထားပြီး ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်၏ အောင်ချက်မှာ ၇၁ ရာခိုင်နှုန်းဖြစ်သည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ ၂၀၁၈ ပညာသင်နှစ် ပထမနှစ် သင်တန်းနှင့် ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ဖေဖော်ဝါရီလတို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 7028 times