ရတနာပံုတကၠသုိလ္ႏွင့္ ဒဂံုတကၠသုိလ္တို႔တြင္ ေန႔သင္တန္းႏွင့္ အေဝးသင္ သင္တန္းမ်ားကို One Compus Two System က်င့္သံုးမႈအေပၚ အေဝးသင္ ေက်ာင္းသား/သူ (၉၀%) ေက်ာ္က လက္ခံပူးေပါင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရပါတယ္။
၂၀၁၉ ခုႏွစ္ပညာသင္ႏွစ္အတြက္ ရတနာပံုတကၠသုိလ္ႏွင့္ ဒဂံုတကၠသုိလ္တို႔တြင္ One Compus Two System ကို က်င့္သံုးေဆာင္ရြက္ခဲ့ရာ ဘာသာရပ္ဌာန အသီးသီးက အေဝးသင္ ေက်ာင္းသား/သူမ်ားအတြက္ စာစဥ္မ်ားထုတ္ေဝျခင္း၊ ျဖန္႔ေဝျခင္း၊ စစ္ေဆးျခင္း၊ ေမးခြန္းထုတ္ျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ၄င္းအျပင္ေက်ာင္းသား/သူမ်ား စာစဥ္မ်ား အခ်ိန္မီတင္သြင္းႏိုင္ေစရန္ကိုလည္း ေဆာင္ရြက္ေပးခဲ့ေၾကာင္းသိရပါတယ္။
စာစဥ္မ်ားကို ေက်ာင္းသား/သူမ်ားကိုယ္တိုင္ ထုတ္ယူရန္၊ တင္သြင္းရန္ကို စိစစ္ေဆာင္ရြက္နိုင္ခဲ့သည့္အတြက္ ရတနာပံုတကၠသုိလ္တြင္ အေဝးသင္ေက်ာင္းသား/သူ ေလးေသာင္းႏွစ္ေထာင္ေက်ာ္ရွိသည့္အနက္ သံုးေသာင္းကိုးေထာင္ေက်ာ္ (၉၄ %) မွာ ကိုယ္တိုင္လာေရာက္တင္သြင္းခဲ့ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာန၏ စာရင္းမ်ားအရ သိရပါတယ္။
Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။
ဒဂံုတကၠသုိလ္တြင္လည္း အေဝးသင္ ေက်ာင္းသား/သူ ေလးေသာင္းရွစ္ေထာင္ေက်ာ္ ရွိသည့္အနက္ ေလးေသာင္းေျခာက္ေထာင္ေက်ာ္ (၉၅%) မွာ စာစဥ္မ်ားကို ကိုယ္တိုင္လာေရာက္တင္သြင္းခဲ့သည့္အတြက္ အေဝးသင္ေက်ာင္းသား/သူ အမ်ားစုမွာ One Compus Two System ကိုလက္ခံပူးေပါင္းေဆာင္ရြက္သည့္အတြက္ ေအာင္ျမင္မႈရရွိခဲ့ေၾကာင္း သိရပါတယ္။
“ ၿပီးခဲ့တဲ့ တကၠသုိလ္မ်ား ဖြံ႔ၿဖိဳးတိုးတက္ေရး ႏွီးေႏွာဖလွယ္ပြဲမွာ အေဝးသင္နဲ႔ ပတ္သက္တဲ့ စာတမ္းမွာ ဒီအခ်က္အလက္ေတြပါတယ္။ ဒါက တကၠသုိလ္ႏွစ္ခုတည္းကိုပဲ ျပထားေသးတာ။ က်န္တဲ့ တကၠသုိလ္ေတြကလည္း ဒီစနစ္ကို အေကာင္းအထည္ေဖာ္ေနၾကၿပီ။ လာမယ့္ႏွစ္မွာ ႏွစ္ႀကိမ္ဖြင့္မယ့္ကိစၥမွာ လည္း ေက်ာင္းသား/သူေတြရဲ႕ ပူးေပါင္းပါဝင္မႈက အေရးႀကီးတယ္။ အေျပာင္းအလဲတစ္ခုမွာ ထိခိုက္မႈေတာ့ရွိမယ္။ နိမ့္က်ေနတဲ့ စနစ္တစ္ခုကို ေျပာင္းမလား။ ဒီအတိုင္းဆက္သြားမလားဆိုတာကို သိဖို႔လိုပါမယ္" ဟု အဆင့္ျမင့္ပညာဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားပါတယ္။
၂၀၁၈ ခုႏွစ္၏ စာရင္းမ်ားအရ ရန္ကုန္အေဝးသင္ဌာနခြဲ (၁၅ ခု) ႏွင့္ မႏၱေလးအေဝးသင္ဌာနခြဲ (၂၁ ခု) တြင္ အေဝးသင္ေက်ာင္းသား/သူ ငါးသိန္းေျခာက္ေသာင္းေက်ာ္ တက္ေရာက္ေနပါတယ္။
Source: Democracy
**Unicode**
ရတနာပုံတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင် နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများကို One Compus Two System ကျင့်သုံးမှုအပေါ် အဝေးသင် ကျောင်းသား/သူ (၉၀%) ကျော်က လက်ခံပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ်ပညာသင်နှစ်အတွက် ရတနာပုံတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင် One Compus Two System ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ဘာသာရပ်ဌာန အသီးသီးက အဝေးသင် ကျောင်းသား/သူများအတွက် စာစဉ်များထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ စစ်ဆေးခြင်း၊ မေးခွန်းထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းအပြင်ကျောင်းသား/သူများ စာစဉ်များ အချိန်မီတင်သွင်းနိုင်စေရန်ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
စာစဉ်များကို ကျောင်းသား/သူများကိုယ်တိုင် ထုတ်ယူရန်၊ တင်သွင်းရန်ကို စိစစ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရတနာပုံတက္ကသိုလ်တွင် အဝေးသင်ကျောင်းသား/သူ လေးသောင်းနှစ်ထောင်ကျော်ရှိသည့်အနက် သုံးသောင်းကိုးထောင်ကျော် (၉၄ %) မှာ ကိုယ်တိုင်လာရောက်တင်သွင်းခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။
ဒဂုံတက္ကသိုလ်တွင်လည်း အဝေးသင် ကျောင်းသား/သူ လေးသောင်းရှစ်ထောင်ကျော် ရှိသည့်အနက် လေးသောင်းခြောက်ထောင်ကျော် (၉၅%) မှာ စာစဉ်များကို ကိုယ်တိုင်လာရောက်တင်သွင်းခဲ့သည့်အတွက် အဝေးသင်ကျောင်းသား/သူ အများစုမှာ One Compus Two System ကိုလက်ခံပူးပေါင်းဆောင်ရွက်သည့်အတွက် အောင်မြင်မှုရရှိခဲ့ကြောင်း သိရပါတယ်။
“ ပြီးခဲ့တဲ့ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲမှာ အဝေးသင်နဲ့ ပတ်သက်တဲ့ စာတမ်းမှာ ဒီအချက်အလက်တွေပါတယ်။ ဒါက တက္ကသိုလ်နှစ်ခုတည်းကိုပဲ ပြထားသေးတာ။ ကျန်တဲ့ တက္ကသိုလ်တွေကလည်း ဒီစနစ်ကို အကောင်းအထည်ဖော်နေကြပြီ။ လာမယ့်နှစ်မှာ နှစ်ကြိမ်ဖွင့်မယ့်ကိစ္စမှာ လည်း ကျောင်းသား/သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ အပြောင်းအလဲတစ်ခုမှာ ထိခိုက်မှုတော့ရှိမယ်။ နိမ့်ကျနေတဲ့ စနစ်တစ်ခုကို ပြောင်းမလား။ ဒီအတိုင်းဆက်သွားမလားဆိုတာကို သိဖို့လိုပါမယ်" ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားပါတယ်။
၂၀၁၈ ခုနှစ်၏ စာရင်းများအရ ရန်ကုန်အဝေးသင်ဌာနခွဲ (၁၅ ခု) နှင့် မန္တလေးအဝေးသင်ဌာနခွဲ (၂၁ ခု) တွင် အဝေးသင်ကျောင်းသား/သူ ငါးသိန်းခြောက်သောင်းကျော် တက်ရောက်နေပါတယ်။
Source: Democracy