တက္ကသိုလ်များတွင် နေ့သင်တန်း(Day)နှင့် အဝေးသင်နှစ်မျိုး ဖွင့်လှစ်ရန်စီစဉ်

တက္ကသိုလ်များတွင် နေ့သင်တန်း(Day)နှင့် အဝေးသင်နှစ်မျိုး ဖွင့်လှစ်ရန်စီစဉ်

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ ၏ ဌာနခွဲအဖြစ်သာ အဝေးသင် သင်တန်းများကို ဖွင့်လှစ်ခြင်း မဟုတ်ဘဲ တက္ကသိုလ်များတွင် One Campus-Two System အစီအစဉ် (နေ့သင်တန်း (Day) နှင့် အဝေးသင် နှစ်မျိုးဖြင့် ဖွင့်ခွင့်ရရန်စတင်ဆောင်ရွက်နေသည်။

ထိုသို့ပြောင်းလဲရန် ၂၀၁၇ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် လုပ်ငန်းစဉ်ချမှတ်ခဲ့ရာ ထိုသို့ ဆောင်ရွက်ရန် ပြင်ဆင်ထား ကြောင်း သက်ဆိုင်ရာတက္ကသိုလ် များက သြဂုတ် ၂၄၊ ၂၅ ရက်၌ ကျင်းပသည့် ၂၀၁၈ ပညာရေးဖွံ့ ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့် မြင့်ပညာကဏ္ဍ)တွင် တင်ပြခဲ့ သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်သူများကစ၍ ထို စနစ်သစ်ကို ကျင့်သုံးမည်ဖြစ်ပြီး One Campus-Two System ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အဝေးသင်နှင့် နေ့ကျောင်း သားများကို ကျောင်းအပ်လက်ခံခြင်း၊ သင်ကြားပေးခြင်း၊ ဘွဲ့ပေးအပ်ခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။

ထိုစနစ်သစ်အရ ဒီဇင်ဘာ တွင် ဖွင့်လှစ်မည့် အဝေးသင်တက္က သိုလ် ၂၀၁၈-၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်းများအတွက် စာမေးပွဲမေးခွန်းကို ၎င်းတို့တက္ကသိုလ်ကသာ မေးခွန်းထုတ်စစ် ဆေးမည်ဖြစ်သည်။

‘‘နောင်နှစ်မှာ အဝေးသင်ရှိ တဲ့ ကျောင်းတွေက သူ့တက္ကသိုလ် အလိုက် မေးခွန်းထုတ်မှာပါ။ ပထမနှစ်တွေပဲ ဖြစ်ဦးမယ်’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သိန်း ၀င်းက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ်ဌာနခွဲ ဖွင့် ထားသည့် တက္ကသိုလ်တိုင်း၌ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္က သိုလ်နှင့် မန္တလေးအဝေးသင်တက္က သိုလ်တို့မှ ပါမောက္ခများထုတ် သော စာမေးပွဲမေးခွန်းဖြင့်သာ စစ်ဆေးနေသည်။

ထိုစနစ် ပြောင်းလဲခြင်း ကြောင့် အသုံးစရိတ်၊ ၀န်ဆောင် စရိတ်များသက်သာလွယ်ကူစေ ပြီး နိုင်ငံတော်ဘဏ္ဍာသက်သာမည့်အပြင် ကျောင်းသား၊ ကျောင်းသူများ အကျိုးပိုမိုသက်ရောက်နိုင် ကြောင်း မြစ်ကြီးနားတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ်က One Campus-Two System နှင့်ပတ် သက်၍ တင်ပြထားသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေး၌ အဝေးသင်တက္ကသိုလ်နှစ်ခုရှိပြီး ထိုအဝေးသင်တက္ကသိုလ်များ၏ ဌာနခွဲကို ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၃၆ ခု၌ ဖွင့်ထားသည်။

အဝေးသင်ဌာနခွဲများဖြစ်ခြင်း ကြောင့် ကျောင်းအပ်လက်ခံခြင်း၊ စာစဉ်လက်ခံခြင်း၊ စာမေးပွဲမေး ခွန်းထုတ်ခြင်း၊ စာမေးပွဲကျင်းပ ခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့  ပူးပေါင်းဆောင်ရွက်နေသည်။

၂၀၁၇-၁၈ ပညာသင်နှစ်၌ တစ်နိုင်ငံလုံးတွင် အဝေးသင်တက္က သိုလ်ကျောင်းသား၊ ကျောင်းသူ ငါးသိန်းကျော်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 3388 times