အောက်တိုဘာတွင် ပြုလုပ်မည့် သင်္ချာထူးချွန်ပြိုင်ပွဲ

အောက်တိုဘာတွင် ပြုလုပ်မည့် သင်္ချာထူးချွန်ပြိုင်ပွဲ


 


 

မြန်မာနိုင်ငံသင်္ချာအသင်း၊ မြန်မာနိုင်ငံ သင်္ချာအိုလံပစ် ကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ထိုပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ပြီး ဗဟိုအဆင့် ဆုရရှိသူများအနက် ဖြေဆိုချိန် () နာရီကြာမြင့်သော Team Selection Test ကိုထပ်မံစစ်ဆေးကာ ဆုရရှိသူ () ဦးသည် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

 


 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ ကျောင်းအဆင့်နှင့် မြို့နယ်အဆင့် သင်္ချာထူးပြိုင်ပွဲများကို အောက်တိုဘာ () ရက်မတိုင်မီ ကျင်းပရမည်ဖြစ်ပြီး အောက်တိုဘာ (၂၆) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါတယ်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် တိုင်းနှင့်ပြည်နယ် တစ်ခုစီတွင် အတန်းတစ်တန်းလျှင် ကျောင်းသားအနည်းဆုံး () ဦးရွေးချယ်ပြီး ဗဟိုအဆင့်ပြိုင်ကို ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည်ဖြစ်ပါတယ်။

 


 

အဌမတန်းကျောင်းသား/သူများကို မြန်မာဘာသာ() နာရီမေးခွန်း၊ နဝမတန်းနှင့် ဒသမတန်းကို အင်္ဂလိပ်ဘာသာဖြင့် () နာရီမေးခွန်းတို့ဖြင့် စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတကာအိုလံပစ်ပြိုင်အတွက် ရွေးချယ်ခံရမည့်အဆင့်တွင် အင်္ဂလိပ်ဘာသာ () နာရီမေးခွန်းကို ဖြေဆိုရမည်ဖြစ်ပါတယ်။

 


 


 


 


 


 

Source: 7Day News

 

**Unicode**

 

အခြေခံပညာကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်နိုင်သည့် သင်္ချာထူးချွန်ပြိုင်ပွဲများကို အောက်တိုဘာလတွင် စတင်ကျင်းပမည်ဟု မြန်မာနိုင်ငံသင်္ချာအသင်း၊ မြန်မာနိုင်ငံသင်္ချာအိုလံပစ် ကော်မတီကကြေညာထားပါတယ်။


သင်္ချာထူးချွန် စာမေးပွဲများကျင်းပပြီး ထူးချွန်ထက်မြက်သော ကျောင်းသား/သူများပြုစုပျိုးထောင်ပေးရေး လုပ်ငန်းစီမံချက်အနေဖြင့် သင်္ချာထူးချွန်ပြိုင်ပွဲများကို မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ကျင်းပမည်ဖြစ်ပြီး အဌမတန်းမှ ဒသမတန်းအထိ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါတယ်။


မြန်မာနိုင်ငံသင်္ချာအသင်း၊ မြန်မာနိုင်ငံ သင်္ချာအိုလံပစ် ကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ထိုပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ပြီး ဗဟိုအဆင့် ဆုရရှိသူများအနက် ဖြေဆိုချျိန် (၄) နာရီကြာမြင့်သော Team Selection Test ကိုထပ်မံစစ်ဆေးကာ ဆုရရှိသူ (၆) ဦးသည် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။


Badminton (1) ဘတ်မင်တန် သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ ကျောင်းအဆင့်နှင့် မြို့နယ်အဆင့် သင်္ချာထူးပြိုင်ပွဲများကို အောက်တိုဘာ (၁) ရက်မတိုင်မီ ကျင်းပရမည်ဖြစ်ပြီး အောက်တိုဘာ (၂၆) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါတယ်။


တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် တိုင်းနှင့်ပြည်နယ် တစ်ခုစီတွင် အတန်းတစ်တန်းလျှင် ကျောင်းသားအနည်းဆုံး (၃) ဦးရွေးချယ်ပြီး ဗဟိုအဆင့်ပြိုင်ကို ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည်ဖြစ်ပါတယ်။


Fitness Centre (352) Fitness Centre များနှင့်ပတ်သက်ပြီး (352) ခုရှာရန်နှိပ်ပါ။


အဌမတန်းကျောင်းသား/သူများကို မြန်မာဘာသာ(၂) နာရီမေးခွန်း၊ နဝမတန်းနှင့် ဒသမတန်းကို အင်္ဂလိပ်ဘာသာဖြင့် (၃) နာရီမေးခွန်းတို့ဖြင့် စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတကာအိုလံပစ်ပြိုင်အတွက် ရွေးချယ်ခံရမည့်အဆင့်တွင် အင်္ဂလိပ်ဘာသာ (၄) နာရီမေးခွန်းကို ဖြေဆိုရမည်ဖြစ်ပါတယ်။


သင်္ချာထူးချွန် ပြိုင်ပွဲများအတွက် ကုန်ကျငွေကို မြန်မာနိုင်ငံသင်္ချာအသင်းက အဓိက ပံ့ပိုးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနကသင့်လျော်သော ပံ့ပိုးမှုများပေးရန်လည်း မြန်မာနိုင်ငံသင်္ချာအသင်း၏ သင်္ချာထူးချွန်စာမေးပွဲများ လုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေးသားထားပါတယ်။


မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲကို လွန်ခဲ့သော (၁၆) နှစ်ခန့်က စတင်၍ ပါဝင်ယှဉ်ြုပိုင်ခြင်းမရှိခဲ့ပဲ ၂၀၁၆ တွင်ပထမဆုံးအကြိမ်ပြန်လည်ယှဉ်ပြိုင်ရာ (၁၁၇) နိုင်ငံယှဉ်ပြိုင်သည့်အနက် အဆင့် (၉၆) ရရှိခဲ့ပါတယ်။


Read More:>>>> သုံးထောင်ကျော်ခေါ်ယူမည့် လေးနှစ်သင်ပညာရေးဘွဲ့သင်တန်း


၂၀၁၇ တွင် ပြိုင်ပွဲဝင် (၁၁၁) နိုင်ငံအနက် အဆင့် (၉၉) ရရှိပြီး မြန်မာကျောင်းသားတစ်ဦးအား Honorable Mention ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။


ပြီးခဲ့သည့် ဇူလိုင်ကဗြိတိန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံကစတုတ္ထအပြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


Source: 7Day News

 

News Read 2524 times