** Unicode **
**ရည်ရွယ်ချက်**
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ထောင်ရန်အတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် ဘွဲ့ရလူ့စွမ်းအားအရင်းအမြစ်များကို အဆင့်မြင့်ပညာကဏ္ဍမှ မွေးထုတ်ပေးရန်ဖြစ်ပါတယ်။
**လုပ်ငန်းတာဝန်**
အဆင့်မြင့်ပညာဦးစီးဌာနသည် နိုင်ငံတော်အတွက် အတတ်ပညာရှင်များ ဖြစ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးပြီး ဘွဲ့များ၊ ဒီပလိုမာများနှင့် အခြားပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များအပ်နှင်းချီးမြှင့်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
၎င်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် ပတ်သက်သည့် သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ နိုင်ငံခြားသို့စေလွှတ်ရေး၊ ဘဏ္ဍာရေးကိစ္စများကိုညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ တက္ကသိုလ်အကျိုးပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်စေခြင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အားကစားပြိုင်ပွဲများ ကျင်းပခြင်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
Read More:>>> ပြောင်းလဲမည့် သင်ရိုးသစ်အတွက် ဆရာ/ဆရာမများကို သင်တန်းပေးမည်
မူဝါဒရေးရာ ကိစ္စများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။
(Ministry of Education)
(www.edge.com.mm)
** Zawgyi **
**ရည်ရွယ်ချက်**
**လုပ်ငန်းတာဝန်**
Read More:>>>> ပြောင်းလဲမည့် သင်ရိုးသစ်အတွက် ဆရာ/ဆရာမများကို သင်တန်းပေးမည်
(Ministry of Education)
(www.edge.com.mm)