ယခုနှစ်တွင် အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကောလိပ်များသို့ တက်ရောက်မည်ဆိုပါက နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ခေါ်ယူချိန်တွင် စတင်လျှောက်ထားနိုင်မည် ဖြစ်သည်။
ယခုနှစ်တွင် ပညာရေးကောလိပ်လေးခုကို လေးနှစ်သင်တန်းများအဖြစ် ဖွင့်လှစ်မည်ဆိုပါက ထိုကျောင်းများ၏ ၀င်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းခေါ်ယူမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
ပညာရေးကောလိပ်လေးခုကတော့ လေးနှစ်သင်တန်းအဖြစ် ဖွင့်ဖို့အဆုံးအဖြတ်မကျသေးဘူး။ လာမယ့် ၂၄ နဲ့ ၂၅ ရက်မှာ ပြုလုပ်မယ့်အဆင့်မြင့်ပညာ နှီးနှောဖလှယ်ပွဲမှာ အဆုံးအဖြတ်ပေးမယ်လို့ ထင်ပါတယ်။
အဆုံးအဖြတ်ကျတယ်ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာ အဲဒီကျောင်းတွေ ထည့်ခေါ်ဖို့ ပြင်ဆွဲမှာဖြစ်ပါတယ်။ ကျန်တဲ့ကျောင်းများကလည်း အခြေအနေမသိရသေးပါဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၃ ခုရှိပြီး လာမည့် ဒီဇင်ဘာလတွင် ဟားခါးပညာရေးကောလိပ်ကို စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်သည့်အတွက် ပညာရေးကောလိပ်များ ခေါ်ယူချိန်တွင် ဟားခါးပညာရေးကောလိပ်အတွက်ပါ ထည့်သွင်းခေါ်ယူမည်ဖြစ်သည်။
ယခုနှစ်တွင် ဖွင့်လှစ်မည့် ပညာရေးကောလိပ်အရေအတွက်သည် ၂၄ ခု အထိရှိမည်ဖြစ်ကြောင်း တစ်ကျောင်းလျှင် ၀င်ဆံ့အင်အား ၂၀၀ ကျော်မှ ၃၀၀ အတွင်း ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ပညာရေးကောလိပ်လေးခုကို လေးနှစ်သင်တန်းများအဖြစ် ဖွင့်လှစ်နိုင်မည်ဆိုပါက သင်တန်းဆင်းမည့်သူများသည် ပညာရေးဘွဲ့ကို ရရှိမည်ဖြစ်သည်။
ပညာရေးကောလိပ်များ၏ ၀င်ခွင့်ကို နှစ်စဉ်သြဂုတ်လအတွင်း ခေါ်ယူလေ့ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today