သူနာပြုသားဖွားဒီပလိုမာ ၃ နှစ်သင်တန်း လျှောက်ထားသူများအနေဖြင့် ဝင်ခွင့်ရသူစာရင်းများအား အောက်ပါ ဌာနများတွင် စုံစမ်းနိုင်ပါသည်။
(က) ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်၊
(ခ) မိမိတို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန
(ဂ) တက်ခွင့်ရသည့် သက်ဆိုင်ရာ သင်တန်းကျောင်းများ တွင် သွားရောက် စုံစမ်းပါ။
*** (မှတ်ချက်။ သင်တန်းစတင်ဖွင့်လှစ်ပြီး (၂) ပတ်အတွင်း သတင်းပို့ တက်ရောက်ခြင်းမရှိပါက သင်တန်းတက်ခွင့် စာရင်းမှ ပယ်ဖျက်မည် ဖြစ်သည်။)
ဝင်ခွင့်လျှောက်လွှာကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်ပါသည်။
သင်တန်းတက်ခွင့်ရရှိပါက တက်ခွင့်ရသည့် သင်တန်းကျောင်းသို့ ရောက်လျှင် သင်တန်းကျောင်း၏ ကျန်းမာရေးစစ်ဆေးရေး ကော်မတီမှ ထပ်မံ ကျန်းမာရေး စစ်ဆေးမည် ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်မှသာ သင်တန်းတက်ခွင့် အတည်ပြုမည် ဖြစ်သည်။
၈။ အသေးစိတ်သိလိုပါက အောက်ပါဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊
(ခ) ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန(သူနာပြုဌာန)၊ နေပြည်တော်၊ (ဖုန်း-067-411148, 411149, လိုင်းခွဲ-808830)
သူနာပြုသားဖွားဒီပလိုမာ ၃ နှစ်သင်တန်းဝင်ခွင့်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Link တွင် လေ့လာဖတ်ရှုနိုင်သည်။
https://www.edge.com.mm/knowledge/news/item/1083-university-of-nursing-application-form.html
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။