အမေရိကန်တက္ကသိုလ် ဝင်ခွင့်များနှင့် ပတ်သက်ပြီး လိမ်လည်မှုရှိနေကြောင်း အမေရိကန်သံရုံးမှသတိပေး

အမေရိကန်တက္ကသိုလ် ဝင်ခွင့်များနှင့် ပတ်သက်ပြီး လိမ်လည်မှုရှိနေကြောင်း အမေရိကန်သံရုံးမှသတိပေး

အမေရိကန်တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းတက်ရောက်ခွင့်တွေ ရရှိတယ်ဆိုပြီး လိမ်လည်လှည့်ဖြားမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ U.S.Embassy Rangoon ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“အမေရိကန်တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းတက်ခွင့်ရတယ်ဆိုပြီး လိမ်လည်လှည့်ဖြားခံရမှုတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အကြောင်း မကြာသေးမီက သိရှိရပါတယ်။

သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ် အင်စတီ ကျူးရှင်းတွေရဲ့ အင်တာနက်စာမျက်နှာမှာ မတွေ့ရတဲ့ အင်တာနက်စာမျက်နှာ လိပ်စာတွေကိုနှိပ်ရင် သတိထားကြဖို့ နှိုးဆော်ပါရစေ။ အဲဒီ အင်တာနက်လိပ်စာတွေဟာ တရားဝင် မဟုတ်တတ်ပါ” လို့ ရေး သားထားပါတယ်။

ယခုလို လိမ်လည်မှုတွေနဲ့ မတွေ့ကြုံရအောင် အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်ရောက်လိုသူတွေ အနေနဲ့ ရန်ကုန် အမေရိကန်စင်တာနဲ့ မန္တလေးဂျက်ဖာဆန်စင်တာမှ အမေရိကန်ပညာရေးဆိုင်ရာ အကြံပေးနဲ့ ဆွေးနွေးနိုင်ပါတယ်။

အဆိုပါအကြံပေးနဲ့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေးလ်ကတစ်ဆင့်သော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်းကောင်း၊ Facebook စာမျက်နှာ ကနေသော်လည်းကောင်း ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 1834 times