ဆေးတက္ကသိုလ်ဝင်ခွင့် မရသူများကို လျာထားကျောင်းသားအရေအတွက် ပြန်လည်စိစစ်၍ ၀င်ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးပြောကြား

ဆေးတက္ကသိုလ်ဝင်ခွင့် မရသူများကို လျာထားကျောင်းသားအရေအတွက် ပြန်လည်စိစစ်၍ ၀င်ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးပြောကြား

ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ်တက္က သိုလ်များတွင် ၀င်ခွင့်မရသူများ ကို မူလလျာထားသော ကျောင်းသားအရေအတွက် ပြည့်သည်အထိ ပြန်လည်စိစစ်၍ ၀င်ခွင့်ပြုမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန လက်အောက်ရှိ ဆေး တက္ကသိုလ်များနှင့် ဆေးပညာနှီး နွယ်တက္ကသိုလ်များတွင် ယခုနှစ်အတွက် ကျောင်းသားဦးရေ ၁,၂၀၀ ၀င်ခွင့်ပြုရန် သတ်မှတ် ထားသည်။

လက်ရှိတွင် ၀င်ခွင့်ပြုသော်လည်း လာရောက် လျှောက် ထားမှု မရှိဘဲ လစ်လပ်နေရာများ အတွက် ထပ်မံစိစစ်ခွင့်ပြုမည် ဖြစ်ကြောင်း ယမန်နေ့က  ကျင်းပသည့်  ပြည်သူ့လွှတ်တော်၌ ၎င်း ကပြောသည်။

ယခုနှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ရမှတ်များ တိုးမြှင့် ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှု ပုံစံပြောင်းလဲခြင်း တို့ကြောင့် မည်သည့်တက္ကသိုလ်မျှ ၀င်ခွင့်မရသည့် ကျောင်းသား များနစ်နာမှုရှိနေ၍ ဖြေရှင်းပေး ရန် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက် တာတင်အောင်က  လွှတ်တော်၌ မေးခွန်းထုတ်သည်။

ထိုသို့ နစ်နာမှုနှင့်ပတ်သက် ၍ ကော်မတီသို့ တိုင်ကြားစာပေး ပို့မှုများ၊ မဲဆန္ဒရှင်များက ဆက် သွယ်မေးမြန်းမှုများ၊ တိုင်ကြားမှု များ လက်ခံရရှိကြောင်း ဒေါက် တာတင်အောင်က  ပြောသည်။

ယခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၁ ခုက တိုက်ရိုက် ၀င်ခွင့်ခေါ်ယူသည့် စနစ်ကိုစတင် ကျင့်သုံးပြီး ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်များကိုလည်း တိုးမြှင့် ခဲ့သည်။

ထို့ကြောင့် လျှောက်ထားမှု ပုံစံမှားယွင်းခြင်းနှင့် ယခင်နှစ် သတ်မှတ်ချက်အရ ဆေးတက္ကသိုလ်ဝင်ခွင့်ပြုရန် အမှတ်မီသော် လည်း တိုးမြှင့်သတ်မှတ်ချက်အရ အမှတ်မမီခြင်းတို့ကြောင့် မည်သည့်တက္ကသိုလ်မျှ ၀င်ခွင့်မရသောကျောင်းသား၊ ကျောင်းသူ ၂၁၁ ဦး ရှိခဲ့သည်။

မည်သည့် တက္ကသိုလ်မျှ ၀င် ခွင့်မရသော ကျောင်းသားများ နှင့်ပတ်သက်၍ ပါမောက္ခချုပ်များ ကော်မတီက ခေါ်ယူတွေ့ဆုံ၍ ၎င်းတို့ဝါသနာပါရာ ဆန္ဒပြုစေပြီး ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ် ရှစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၇ ဦးကို ၀င်ခွင့်ပြုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်း သည်။

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များ တွင်မူ ယခုပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံသည့် နောက်ဆုံးရက် (ဒီဇင်ဘာ ၁၄ ရက်) နောက်ပိုင်းတွင် ကျောင်းအပ်နှံ ခွင့်ရသူနှင့် အမှန်တက်ရောက်သူ စာရင်းကို ပြန်လည်စိစစ်၍ လစ် လပ်ကျောင်းသားနေရာများအတွက် တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်နှင့်အညီ စိစစ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၎င်းကပြောသည်။  

ဝါသနာအရ ဆေးတက္ကသိုလ်များတွင် တက်ရောက်လို သော်လည်း ယခုနှစ်တွင် တိုးမြှင့် ခဲ့သည့် ရမှတ်သတ်မှတ်ချက်နှင့် အနည်းငယ်သာ ကွာဟ၍၀င်ခွင့် မရဖြစ်နေပြီး မည်သည့်တက္က သိုလ်ဝင်ခွင့်မျှ ၀င်ခွင့်မရထားသူ ၅၉ ဦးကို ကျန်းမာရေးဝန်ကြီးဌာ နက လက်ခံပေးနိုင်ခြင်းရှိ၊ မရှိ ဒေါက်တာတင်အောင်က ဆက်စပ်မေးခွန်းမေးသည်။

လွှတ်တော်အစီအစဉ်အရ ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါ မေးခွန်းကိုဖြေကြားရန် မပါဝင်သော်လည်း ပြည်ထောင် စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါဆက်စပ် မေးခွန်းနှင့် ပတ်သက်၍ မူလလျာထားချက် ၁,၂၀၀ ပြည့်သည်အထိ လစ်လပ် ကျောင်းသားအရေအတွက်အ တိုင်း လက်ခံပေးမည်ဖြစ်ကြောင်း ကြားဖြတ်ဖြေကြားသည်။

‘‘၁၄ ရက်မှာ ကျန်သွားတဲ့ သူတွေ၊ ဆေးကျောင်းကို လာမ လျှောက်တဲ့လူတွေ ၂၀ ရှိရင် ရှိ မယ်။ ၃၀ ရှိရင် ရှိမယ်။ အဲဒါကို လက်ခံမှာပါ။ သို့သော်လည်း လက်ခံမယ်ဆိုရင် ပညာရေးဝန် ကြီးဌာနက ထောက်ခံချက်တစ်ခု ပေးဖို့ လိုပါမယ်’’ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။

ထိုသို့ ထောက်ခံချက် လို အပ်မှုနှင့်ပတ်သက်၍ ပညာရေး ၀န်ကြီးဌာနအနေဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က လွှတ်တော်တွင် ပြောသည်။

‘‘နောက်နှစ်တွေမှာ အခုလို ပဲ ၀င်ခွင့်လက်ခံကြမယ်ဆိုရင် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေ ကိုလည်း ထည့်တွက်ပြီးတော့ ကြိုတင်စီစဉ်ထားကြစေချင်ပါ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင် အောင်က ပြောသည်။

source: 7day

News Read 6297 times