ဆရာအတတ်ပညာလက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်းများတွင် စာသင်နေသူများအား ပညာရေးဝန်ကြီးဌာနက သင်တန်းပေးမည်

ဆရာအတတ်ပညာလက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်းများတွင် စာသင်နေသူများအား ပညာရေးဝန်ကြီးဌာနက သင်တန်းပေးမည်

အခြေခံပညာရေး သင်ကြား နေသူများတွင် ဆရာအတတ် ပညာလက်မှတ်မဲ့ (Untrained Teacher) မရှိစေရေး ပညာရေးဘွဲ့ (B.Ed)၊ ဆရာ အတတ်ပညာ ဒီပလိုမာများ မရှိသူများကို သင်တန်းပို့ချပေးရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘ဆရာအတတ်ပညာ လက် မှတ်မဲ့တွေ မရှိအောင် ပညာရေး ဝန်ကြီးဌာနက လုပ်နေတော့ သူတို့ကိုလည်း သင်တန်းဖွင့်ပေး တဲ့သဘောပေါ့။ ဆရာအတတ် လက်မှတ် မရှိတဲ့သူတွေ စာသင် နေတဲ့အတွက် ဆရာအတတ် လက်မှတ်ရအောင် လုပ်ပေးဖို့က ကျွန်တော်တို့ တာဝန်ပဲလေ’’ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။

ပညာရေးဘွဲ့ (B.Ed) ဆရာ အတတ်ပညာ ဒီပလိုမာများမရှိ ဘဲ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိ ထားပြီး ကိုယ်ပိုင်ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေသူများစာရင်း ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများက အခြေခံ ပညာဦးစီးဌာန၏ ညွှန်ကြားချက် အရ ဇူလိုင် ဒုတိယပတ်က စတင် ကောက်ယူနေသည်။

‘‘အခြေခံက ကိုယ်ပိုင် ကျောင်းတွေမှာ သင်နေတဲ့ ဆရာ အတတ် လက်မှတ်မရှိသေးသူ တွေ စာရင်းတောင်းနေပြီဆိုရင် လုပ်တော့မှာ။ သူတို့ စာရင်း တောင်းပြီးရင် ကျွန်တော်တို့ဘက် လွှဲပေးလိမ့်မယ်။ ကျွန်တော့်ဘက် က သင်ရိုးတွေ ဘာတွေ ဆွဲပြီးပြီ။ အဆင်သင့်ဖြစ်နေပြီ’’ဟု ဒေါက် တာ အောင်အောင်မင်းက ဆို သည်။

အဆိုပါ ဆရာအတတ်ပညာ သင်တန်းများကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၅ ကျောင်း တွင် နံနက်၊ ညနေ၊ စနေ၊ တနင်္ဂနွေ သင်တန်းများ ပို့ချရန် ပညာရေးဝန်ကြီးဌာနက လျာထားသည်။

‘‘ဆရာအတတ်ပညာလက် မှတ် မရှိသေးတဲ့ ဆရာစာရင်း တော့ တိုင်းရုံးက တောင်းထား တယ်။ သင်တန်းဖွင့်ပေးမယ်ဆို ရင်တော့ တက်ချင်သူက များပါ တယ်။ ဒါပေမဲ့ ပညာရေးကော လိပ်မှာ အချိန်ပိုင်းသွားတက်ရ မယ်ဆိုရင် ပညာရေးကောလိပ် မရှိတဲ့မြို့ကသူတွေကတော့ သွား ရေးလာရေး ခက်တာရှိနိုင်တယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်ပိုင်ကျောင်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များကို ၂၀၁၁ က စတင်ဖွင့်လှစ် ခွင့်ပြုခဲ့ရာ ယခု ၂၀၁၈-၁၉ ပညာ သင်နှစ်တွင် တစ်နိုင်ငံလုံး၌ ကိုယ်ပိုင်ကျောင်း ၇၀၀ ကျော် ဖွင့် ခွင့်ရထားသည်။

ကိုယ်ပိုင်ကျောင်း မှတ်ပုံ တင် ဥပဒေအရ ကိုယ်ပိုင်ကျောင်း များတွင် သင်ကြားမည့် ဆရာများ သည် ကိုယ်ပိုင်ကျောင်း ဆရာ မှတ်ပုံတင် (Green Card) ရရှိ ထားရမည်ဖြစ်ပြီး ပညာရေးဘွဲ့ ၊ ဆရာအတတ်ပညာ ဒီပလိုမာ ရရှိ ထားသူများ၊ တက္ကသိုလ်ဘွဲ့တစ် ခုခု ရရှိထားပြီး သင်ကြားရေးလုပ် သက် ငါး နှစ်ရှိပါက Green Cardထုတ်ပေးသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 5774 times