၂၀၁၈-၂၀၁၉ ပညာသင်နှစ် BBM, BA(EPP), BTHM နှင့် BA(Journalism) ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူမယ့်ရက် ကြေညာခြင်းဖြစ်ပါသည်။
၁။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် အောက်ဖော်ပြပါ ဘွဲ့ သင်တန်းများအား ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။
(က) သင်တန်း - Bachelor of Business Management
အပ်နှင်းမည့်ဘွဲ့ - BBM
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၀၀)ဦး
မှတ်ချက် - အချိန်ပြည့်
(ခ) သင်တန်း - Bachelor of Arts (English for Professional Purposes)
အပ်နှင်းမည့်ဘွဲ့ - BA (EPP)
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၅၀)ဦး
မှတ်ချက် - အချိန်ပြည့်
(ဂ) သင်တန်း - Bachelor of Tourism and Hospitality Management
အပ်နှင်းမည့်ဘွဲ့ -BTHM
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၁၀၀)ဦး
မှတ်ချက် - အချိန်ပြည့်
(ဃ) သင်တန်း - Bachelor of Arts (Journalision)
အပ်နှင်းမည့်ဘွဲ့ - BA(Journalism)
သင်တန်းကာလ - (၄) နှစ်
လက်ခံခွင့်ပြုမည့် ဦးရေ - (၅၀)ဦး
မှတ်ချက် - အချိန်ပြည့်
၂။ အဆိုပါ ဘွဲ့ သင်တန်းများအနက် BBM နှင့် BA(EPP) အတွက် စုစုပေါင်းအမှတ် (၄၅၀)နှင့် အထက်ရရှိသူများ ဖြစ်ရမည်။
BTHIM နှင့် BA(Journalism) အတွက် စုစုပေါင်းအမှတ် (၄၃၀) နှင့်အထက် ရရှိသူများဖြစ်ရမည်။ BTHM အတွက် အင်္ဂလိပ်စာ ဘာသာရပ်၌ အနည်းဆုံးအမှတ်(၆၀) ရရှိသူများဖြစ်ရမည်။
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် သတ်မှတ်လျှောက်လွှာပုံစံအား အခမဲ့ထုတ်ယူ၍ဖြစ်စေ၊ National Management Degree College Facebook Page နှင့် Website Page www.nmdc.edu.mm တွင် တင်ထားသော ဝင်ခွင့်လျှောက်လွှာပုံစံကို Download ပြုလုပ်ဖြည့် စွက်၍ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။
၃။ လျှောက်လွှာထုတ်ပေး/လက်ခံမည့် ရက် - ၁-၁၀-၂၀၁၈(တနင်္လာနေ့)မှ ၁၉-၁၀-၂၀၁၈ (သောကြာနေ့)အထိ
၎။ လျှောက်လွှာတင်သွင်းရမည့် နေရာ- ကျောင်းသားရေးရာဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ အမှတ်(၂၇၃/ ၂၇၉)၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်။
၅။ ဝင်ခွင့်ရရှိသူများ စာရင်းကြေညာမည့်ရက်- ၁၅-၁၁-၂၀၁၈ (ကြာသပတေးနေ့)
၆။ သင်တန်းများစတင်ဖွင့်လှစ်မည့်ရက် - ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်
၇။ အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည် -
(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူသာဖြစ်ရမည်။
(ဂ) လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည်-
(၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း(မူရင်း)
(၂) လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)
(၃) လိုင်စင်ဓာတ်ပုံ(၂)ပုံ ၊
(၄) အချက်အလက်မပြည့်စုံသည့်လျှောက်လွှာကို စဉ်းစားမည်မဟုတ်ပါ။
၈။ ဝင်ခွင့်ရရှိသူများစာရင်းကို (၁၅-၁၁-၂၀၁၈) ရက်နေ့တွင် ကြေညာပါမည်။
ဝင်ခွင့်ရရှိသူများသည် ကျောင်းလာရောက် အပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် တင်ပြနိုင်ရမည်။
၉။ အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကျောင်းသားရေးရာ ဌာန ဖုန်းနံပါတ် ၀၁-၂၉၂၅၆၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source:အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်