ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုဖွဲ့စည်းရန် Open University (UK) မှ အကြံပြု

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုဖွဲ့စည်းရန် Open University (UK) မှ အကြံပြု

Open University (UK) မှ ရန်ကုန်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး ပိုမိုကြီးမားကျယ်ပြန့်သော အမျိုးသားအဝေးသင်တက္ကသိုလ် တစ်ခု အဖြစ် ဖွဲ့စည်းရန် အကြံပြု ထားသည်။

Open University (UK) မှ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များရှိ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ အကြောင်းတစ်ခုအပေါ်တွင် အဓိကထားအုပ်ဖွဲ့ ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီး Investigation of Myanmar's Distance Education Sectors and Proposals for Strengthing ခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ဝေခဲ့ပြီး ယင်းအစီရင်ခံစာတွင် အဝေးသင်ပညာရေးနှင့် ပတ်သက်၍ နည်းလမ်းသုံးခုကို အကြံပြုထားသည်။

ထိုနည်းလမ်းများထဲတွင် တက္ကသိုလ်နှစ်ခုပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခု အဖြစ် ဖွဲ့စည်းပြီး ဒီပလိုမာသင်တန်းများ၊ ဒီဂရီသင်တန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် လိုက်လျောညီထွေအဖြစ် ပြောင်းလဲသင်ကြားမှု များကို ပြုလုပ်ရန် အကြံပြုထားသည်။

"အကြံပြုထားတဲ့နည်းလမ်းများထဲက ဘာကိုလုပ်ဆောင်သင့်တယ်ဆိုတာကို ဆွေးနွေးရဦးမယ်။ အခုက အဲဒီတက္ကသိုလ်နှစ်ခုက တက္ကသိုလ်တွေမှာ လုပ်နေတဲ့ လုပ်ငန်းများကို တက္ကသိုလ်တွေကို လွှဲပြီးသွားရင် အွန်လိုင်းနဲ့ပတ်သက်တဲ့သင်တန်းတွေကို အဓိကထားပြီးလုပ်တော့မှာ။ အဲဒီအတွက် အမျိုးသား အဝေးသင်တက္ကသိုလ်တစ်ခုအဖြစ် ဖွဲ့စည်းရင်ပိုပြီး အားကောင်းလာနိုင်မလားဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး သဘောတူတယ်ဆိုရင် အစိုးရ အဖွဲ့တင်ရမယ်။ အစိုးရဘက်က ခွင့်ပြုရင် စမယ်" ဟုပြောသည်။

အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုအဖြစ် ဖွဲ့စည်းတည်ဆောင်မည်ဆိုပါက လုံလောက်သော ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး အိုင်စီတီနည်းပညာဖြင့် အွန်လိုင်းသင်တန်းများကို ပိုမိုတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားလာမှု အခွင့်အလမ်းကို အသုံးချပြီး သင်ခန်းစာများ ဖြန့်ဝေခြင်း၊ သင်ယူစေခြင်း၊ လေ့လာခြင်းတို့ကို မိုဘိုင်းအက်ပလီကေးရှင်းသုံး၍ တိုးမြှင့်လုပ်ဆောင်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 2683 times