၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်းများကို တက်ရောက်ရန် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျောက်ထားနိုင်ပါသည်။
** တက္ကသိုလ်စာမေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရပါမည်။
** ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာ အထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရပါမည်။
** အနုပညာဝါသနာပါသူဖြစ်ရပါမည်။
၂။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့်အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်း ဘွဲ့အပ်နှင့်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်ပါသည်။
**အထူးပြုဘာသာရပ် ဂီတပညာအထူးပြုသည် သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ဂီတ)ဖြစ်ပါသည်။
** အထူးပြုဘာသာရပ် သဘင်ပညာအထူးပြုသည် သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့(သဘင်) ဖြစ်ပါသည်။
** အထူးပြုဘာသာရပ် ပန်းချီပညာအထူးပြုသည် သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့(ပန်းချီ) ဖြစ်ပါသည်။
** အထူးပြုဘာသာရပ် ပန်းပုပညာအထူးပြုသည် သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ပန်းပု) ဖြစ်ပါသည်။
** အထူးပြုဘာသာရပ် ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြုသည် သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) ဖြစ်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း၊ လျှောက်ထားတက်ရောက်ကြရမည်ဖြစ်ပါသည်။
၎။ လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၁/ဈ၊ အောင်ဇေယျလမ်း၊ (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရန်ကုန်တိုင်းဒေသကြီးတွင် လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ရွှေစာရံဘုရားလမ်း၊အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒေသကြီးတွင် လည်းကောင်း၊ ဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။
Read More: တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအကြောင်း သိကောင်းစရာ
၅။ လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်။ အမှတ်စာရင်းမူရင်း၊ ပတ်စပို့ အရွယ်ဓာတ်ပုံ (၇)ပုံတို့နှင့် ပူးတွဲလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၈) ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ တိုက်ရိုက်ပေးပို့လျှောက်ထားကြရမည်ဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လူတွေ့စစ်ဆေးမည် ဖြစ်ပါသည်။
၆။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်းနံပါတ် (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄)သို့လည်းကောင်း ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဖုန်းနံပါတ် (၀၈၅-၄၀၁၈၄) သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အမျိုသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
Source : National University of Arts and Culture (Yangon Students Union)