လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် MCC Group တို့ပူးပေါင်းဖွင့်လှစ်သည့် အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း ဇာတ်ကောင်လှုပ်ရှားမှုနှင့် အဆင့်မြင့်မီဒီယာ ကျွမ်းကျင်အထူးပြုဘာသာရပ် သင်တန်းအမှတ်စဉ် (၂) အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ခြင်း ဖြစ်ပါသည်။
၁။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် MCC Group တို့ပူးပေါင်းဖွင့်လှစ်သည့် အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် လျှောက်ထားနိုင်ပါသည်။
(က) သင်ကြားမည့်ဘာသာရပ်များ
-Computer Basic (Word,Excel,Powerpoint)
-Adobe Illustrator
-Adobe Photoshop
-Adobe InDesign
-Adobe Premiere
-Adobe After Effects
-C4D -3D Character and Animation Software
-Camera -(Photography Foundation Course, Digital Film Making)
-Painting -Fundamental Arts,Figure Drawing,Element & Principal Design,
Story Board Drawing,Cartoon Character
-Audio -Basic of Music Producation Course (FL Studio)
(ခ) ပေးအပ်မည့်ဘွဲ့
Diploma in Computer Arts (Dip.CA)
(ဂ) တက်ရောက်နိုင်သူများ
တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူ၊ (၉) တန်းဖြေဆိုအောင်မြင်ပြီးသူများ (မှတ်ချက်-(၉) တန်းဖြေဆိုအောင်မြင်ပြီးသူများသည် ဒီပလိုမာလက်မှတ်မရရှိပဲ သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်မည် ဖြစ်ပါသည်။)
(ဃ) သင်တန်းကာလ
Semester-1 (၅) လ၊ Semester-2 (၅) လ၊ စုစုပေါင်း (၁၀) လတက်ရောက်ရပါမည်။
(င) သင်တန်းနေရာနှင့် လျှောက်လွှာ ထုတ်ယူ/လက်ခံမည့်နေရာ
၁/ဈ အောင်ဇေယျလမ်း၊ (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သရဖီဆောင်၊ တောင်ဒဂုံမြို့နယ်။
Read More: "အလယ်တန်းနှင့် အထက်တန်းဆင့်တွင် စာသင်ချိန် (၈) ချိန်တိုးမြှင့်"
(စ) လျှောက်လွှာပုံစံရယူခြင်းနှင့် တင်သွင်းခြင်း
လျှောက်လွှာပုံစံများကို (၃-၅-၂၀၁၉) ရက်နေ့မှ စတင်လျှောက်ထားနိုင်ပြီး (၃၀-၆-၂၀၁၉) ရက်နေ့နောက်ဆုံးထား လျှောက်ထားရပါမည်။
(ဆ) လျှောက်လွှာတင်သွင်းရာတွင်လိုအပ်သည့်အချက်များ
ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ (၅) ပုံ၊ နိုင်ငံသားစီစစ်ရေးကဒ် (မူရင်း၊ မိတ္တူ)၊ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်းကြောင်းလက်မှတ် (မူရင်း၊ မိတ္တူ)
၂။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် စာရင်းပေးသွင်းချိန်အရ ဦးစားပေးလက်ခံမည် ဖြစ်ပါသည်။
၃။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ရုံးချိန်အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဖုန်း ၀၉-၈၉၉၀၀၁၀၀၇၊ ၀၉-၉၆၄၀၄၁၉၄၁
Source: National University of Arts and Culture- Yangon