၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
(က) တက္ကသိုလ်စာပေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရပါမည်။
(ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။
၂။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့်အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်း ဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်ပါသည်။
(က) ဂီတပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ် ၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ဂီတ) ဖြစ်ပါသည်။
(ခ) သဘင်ပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (သဘင်) ဖြစ်ပါသည်။
(ဂ) ပန်းချီပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ပန်းချီ) ဖြစ်ပါသည်။
(ဃ) ပန်းပုပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ပန်းပု) ဖြစ်ပါသည်။
(င) ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) ဖြစ်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများသည အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း လျှောက်ထားတက်ရောက်ကြရမည်ဖြစ်ပါသည်။
၎။ လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊၁/ဈ၊ အောင်ဇေယျလမ်း(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒသကြီးတွင် လည်းကောင်း ဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။
Read More>>>> လုပ်ငန်းခွင် Construction Project လုပ်ငန်းခွင်သင်တန်းပို့ချမည်
၅။ လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၇) ပုံတို့နှင့်ပူးတွဲလျက် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သို့တိုက်ရိုက်ပေးပို့လျှောက်ထားကြရမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။
၆။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်းနံပါတ် (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄) သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဖုန်းနံပါတ် (၀၈၅-၄၀၁၈၄) သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်))