ယမန်နေ့က ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ (၂၁) ကြိမ်မြောက်ဘွဲ့ယူ လာရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်မှုပွဲတွင် အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောသည်။
“လျှောက်ထားတဲ့အချိန်မှာ ဆယ်တန်းအမှတ်စာရင်းကို မကြည့်ဘူး။ အနုပညာဝါသနာပါတဲ့ သူတွေကိုပဲ ဖိတ်ခေါ်တယ်။ Academic ကို နိုဝင်ဘာလမှာ စမှာဆိုတဲ့အတွက် အောက်တိုဘာလမှာ ဖောင်လာယူပြီး လျှောက်ထားနိုင်ပါတယ်။ မေဂျာတစ်ခုကို ကျောင်းသား၊ ကျောင်းသူ ဦးရေ ငါးဆယ်သတ်မှတ်ထားတယ်” ဟု ပြောကြားသည်။
READ - သက်မွေးပညာသင်ကျောင်းများတွင် ရက်ကန်းပညာရပ်ထည့်သွင်း သင်ကြားသွားမည်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သည် ရန်ကုန်နှင့် မန္တလေးတွင် တည်ရှိပြီး ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ရုပ်ရှင်နှင့် ပြဇာတ် ဂီတသဘင်၊ ပန်းချီ၊ ပန်းပု စသည့် မေဂျာအလိုက် ပညာရပ်ငါးခုကို သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၈၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၏ (၂၁) ကြိမ်မြောက် ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရအောင်ကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့အခမ်းအနားတွင် ယခုနှစ်ဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများက မေဂျာအလိုက် ၄င်းတို့သင်ယူထားသည့် ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်များကို ပြသတင်ဆက်ခဲ့ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kyaemone